DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာသစ် ၁,၁၅၀ တွင် အနံ့မရသူ ၂၂၉ ဦးပါဝင်၊ ရန်ကုန်က ၈၄၁ ဦးဖြင့် အများဆုံးတွေ့ရှိ
DVB
·
October 19, 2020
ကိုဗစ်လူနာသစ် ၁,၁၅၀ တွင် အနံ့မရသူ ၂၂၉ ဦးပါဝင်၊ ရန်ကုန်က ၈၄၁ ဦးဖြင့် အများဆုံးတွေ့ရှိ
Donate to DVB

မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၁၅၀ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၈၄၁ ယောက်နဲ့ အများဆုံး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၅ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မင်္ဂလာတောင်ညွန့်က အယောက် ၈၀၊ မင်္ဂလာဒုံမြို့နယ်က ၆၉ ယောက်၊ တောင်ဥက္ကလာပ  ၅၂ ယောက်၊ သင်္ယန်းကျွန်းက ၄၅ ယောက်၊ တာမွေက ၄၄  ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ် ၃၉ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်းမြို့နယ် ၁၄ ခုမှာ ၁၁၂ ယောက် ၊ မန္တလေးတိုင်း မြို့နယ် ၉ ခုမှာ ၄၄ ယောက်၊ ဧရာဝတီတိုင်း  မြို့နယ် ၁၁ ခုမှာ  ၄၉ ယောက်၊ ရခိုင်ပြည်နယ် မြို့နယ် ၁၁ ခုမှာ ၅၅ ယောက်၊ မကွေးတိုင်း မြို့နယ် ၇ ခုမှာ ၉ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ်  ၂ ခုမှာ ၆ ယောက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ၁  ယောက်၊ ကရင်ပြည် နယ်မြို့နယ် ၄ ခုမှာ ၁၇ ယောက်၊ ရှမ်းပြည်နယ်မြို့နယ်  ၂ ခုမှာ ၄ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၃ ခုမှာ ၅ ယောက်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ  ၇ ယောက် အသီးသီးတွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၁၅၀ ယောက်ထဲမှာ အနံ့မရသူ ၂၂၉ ယောက် ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၃၆,၀၂၅ ယောက်၊ သေဆုံးသူ ၈၈၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရ သူပေါင်း ၁၇,၀၇၆ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၀ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၀ ဒသမ ၁ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013