DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁၃၈၇ ဦးတွင် အနံ့မရသူ ၃၅၀ ပါဝင်၊ ရန်ကုန်က ၁၀၆၃ ဦးဖြင့် အများဆုံးတွေ့
DVB
·
October 18, 2020
ကိုဗစ်-၁၉ လူနာသစ် ၁၃၈၇ ဦးတွင် အနံ့မရသူ ၃၅၀ ပါဝင်၊ ရန်ကုန်က ၁၀၆၃ ဦးဖြင့် အများဆုံးတွေ့
Donate to DVB

မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁၃၈၇ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၁၀၆၃ နဲ့ အများဆုံး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၅ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း) က ၈၈ ယောက်၊ မင်္ဂလာဒုံက ၈၆ ယောက်၊ လှိုင်သာယာ ၈၂ ယောက်၊ လှိုင် ၇၉ ယောက်၊ မြောက်ဥက္ကလာပက ၇၄ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ် ၄၂ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်း မြို့နယ် ၉ ခုမှာ အယောက် ၇၀၊ မန္တလေးတိုင်း ၁၀ မြို့နယ်မှာ ၆၆ ယောက်၊ ဧရာဝတီတိုင်း ၈ မြို့နယ်မှာ ၃၅ ယောက်၊ ရခိုင်ပြည်နယ် ၉ မြို့နယ်မှာ ၆၁ ယောက်၊ မကွေးတိုင်း ပခုက္ကူမြို့မှာ ၁ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၄ ခုမှာ ၈ ယောက်၊ မွန်ပြည်နယ် မြို့နယ် ၃ ခုမှာ ၆၉ ယောက်၊ နေပြည်တော် မြို့နယ် ၂ ခုမှာ ၃ ယောက်၊ ရှမ်းပြည်နယ် နမ္မတူက ၁ ယောက်၊ ချင်းပြည်နယ် ဖလမ်းမြို့နယ် ၂ ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၂ ခုမှာ ၅ ယောက်၊ ကချင်ပြည်နယ် မြို့နယ် ၂ ခုမှာ ၃ ယောက် အသီးသီးတွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၈၇ ယောက်ထဲမှာ အနံ့မရသူ ၃၅၀ ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၃၄,၈၇၅ ယောက်၊ သေဆုံးသူ ၈၃၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၆,၃၇၀ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ သန်း ၄၀ ကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၉ ဒသမ ၉ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013