
သောကြာနေ့က ကြေညာခဲ့တဲ့ အင်္ဂလန် ကမ္ဘာ့ဖလားလူစာရင်းဟာ ကြာသပတေးနေ့ကတည်းက ကြိုတင်ပေါက်ကြားခဲ့တာနဲ့ ပတ်သက်ပြီး နည်းပြ သောမတ်စ် တူချယ်လ်က တုံ့ပြန်ပြောကြား လိုက်ပါတယ်။
နည်းပြက ကစားသမားတွေကို ဖုန်းနဲ့ WhatsApp ကနေ ကြိုတင်အကြောင်းကြားရာကနေ သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအပေါ် တူချယ်လ်က "ကျနော့်အလုပ်က အရည်အချင်းအရှိဆုံးသူတွေကို ရွေးဖို့မဟုတ်ဘဲ အသင်းအတွက် အတ္တဘေးဖယ်ထားနိုင်မဲ့သူတွေကို ရွေးဖို့ပါ" လို့ ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ ပါတယ်။
လူစာရင်းကနေ ချန်လှပ်ခံရလို့ ဟာရီမက်ဂွိုင်းယားကတော့ လူမှုကွန်ရက်ပေါ်မှာ စိတ်ပျက်ကြောင်း ထုတ်ဖော်ခဲ့တဲ့အပေါ်လည်း တူဟယ်လ်က သဘောမကျဘဲ အခုလို လူသိရှင်ကြား လုပ်ဖို့ မလိုကြောင်း ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပါတယ်။
Photo:Reuters











