DVB Logo
Home
မြန်မာသတင်း
ရွှေသံလွင် ဘိုးဘွားရိပ်သာတွင် ဘိုးဘွားများအပါအဝင် ၈၆ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
October 18, 2020
ရွှေသံလွင် ဘိုးဘွားရိပ်သာတွင် ဘိုးဘွားများအပါအဝင် ၈၆ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၈၀) ရပ်ကွက်ရှိ ရွှေသံလွင် ဘိုးဘွားရိပ်သာမှာ နေထိုင်တဲ့ အဘိုးအဘွားများအပါအဝင် ဝန်ထမ်းနဲ့ မိသားစုဝင် ၈၆ ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးမူယာကျော်က ပြောပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့က ရိပ်သာရှိ ဝန်ထမ်း ၅ ဦးနဲ့ မိသားစုဝင်တွေမှာ အနံ့ပျောက်လို့ စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိပြီးနောက် ရိပ်သာမှာ နေထိုင်သူ ၁၁၆ ဦးကို ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးရာမှ အောက်တိုဘာ ၁၇ ရက်နေ့မှာ ၈၆ ဦး ပိုး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတဲ့ ဘိုးဘွား ၆၂ ဦးအပါအဝင် ဝန်ထမ်း ၁၁ ဦးနဲ့ မိသားစုဝင် ၁၃ ဦးကို ဖောင်ကြီးစင်တာ၊ ဧရာဝတီစင်တာနဲ့ Fortune Plaza စင်တာတို့ကို ခွဲပြီး ပို့ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၃၄,၈၇၅ ယောက်၊ သေဆုံးသူ ၈၃၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၆,၃၇၀ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013