DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာသစ် ၁၁၃၈ ဦးတွင် အနံ့မရသူ ၃၄၃ ဦးပါဝင်၊ ရန်ကုန်က ၈၉၅ ဦးဖြင့် အများဆုံးတွေ့ရှိ
DVB
·
October 17, 2020
ကိုဗစ်လူနာသစ် ၁၁၃၈ ဦးတွင် အနံ့မရသူ ၃၄၃ ဦးပါဝင်၊ ရန်ကုန်က ၈၉၅ ဦးဖြင့် အများဆုံးတွေ့ရှိ
Donate to DVB

မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁၁၃၈ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၈၉၅ ယောက် ပါဝင်နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၅ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ လှိုင်သာယာမြို့နယ်က ၆၂ ယောက်၊ မင်္ဂလာဒုံက ၅၃ ယောက်၊ သင်္ဃန်းကျွန်းက ၅၂ ယောက်၊ မြောက်ဥက္ကလာ ၅၁ ယောက်၊ အလုံနဲ့ ကြည့်မြင်တိုင်မြို့နယ်တို့က ၄၉ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ် ၄၃ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၀ ခုမှာ ၅၄ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၉ ခုမှာ ၂၅ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၇ ခုမှာ ၈၉ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၆ ခုမှာ ၃၃ ယောက်၊ မကွေးတိုင်းမြို့နယ် ၆ ခုမှာ ၁၄ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၈ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၃ ခုမှာ ၄ ယောက်၊ မွန်ပြည်နယ် မြို့နယ် ၃ ခုမှာ ၄ ယောက်၊ နေပြည်တော် မြို့နယ် ၃ ခုမှာ ၄ ယောက်၊ ရှမ်းပြည်နယ် မြို့နယ် ၃ ခုမှာ ၃ ယောက်၊ ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ ၂ ယောက်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ ၂ ယောက်၊ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်က ၁ ယောက် အသီးသီး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၃၈ ယောက်ထဲမှာ အနံ့မရရှိသူ ၃၄၃ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၆ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၃၃,၄၈၈ ယောက်၊ သေဆုံးသူ ၇၉၉ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၅,၄၇၇  ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၉ ဒသမ ၆ သန်း ကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၉ ဒသမ ၆သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013