DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာသစ် ၁,၀၂၅ ဦးတွင် ရန်ကုန်က ၇၅၈ ဦး ပါဝင်၊ ကယားက ၁ ဦး ပထမဆုံး တွေ့ရှိ
DVB
·
October 16, 2020
ကိုဗစ်လူနာသစ် ၁,၀၂၅ ဦးတွင် ရန်ကုန်က ၇၅၈ ဦး ပါဝင်၊ ကယားက ၁ ဦး ပထမဆုံး တွေ့ရှိ
Donate to DVB

မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၀၂၅ ယောက်ထဲမှာ  ရန်ကုန်တိုင်းက ၇၅၈ ယောက် ပါဝင်နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၅ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းက  အတည်ပြုလူနာတွေထဲမှာ မြောက်ဥက္ကလာပမြို့နယ်က  ၈၅ ယောက်၊ စမ်းချောင်းမြို့နယ်က ၅၉ ယောက်၊ လှိုင်မြို့နယ်က ၄၃ ယောက်စီနဲ့ အများဆုံး ဖြစ်ပြီး စုစုပေါင်း မြို့နယ် ၃၉ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။

ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၀ ခုမှာ ၃၁ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၉ ခုမှာ ၂၈ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၄ ခုမှာ အယောက် ၉၀၊ ဧရာဝတီတိုင်းမြို့နယ် ၄ ခုမှာ ၄ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ ၇ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၄ ခုမှာ ၆၁ ယောက်၊ နေပြည်တော်မြို့နယ် ၂  ခုမှာ ၂ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၄ ခုမှာ ၈ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၃  ခုမှာ ၁၁ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၀ ယောက်၊ ချင်းပြည်နယ်မြို့နယ် ၃ ခုမှာ  ၇ ယောက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့နယ် ၁ ခုမှာ    ၁ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၅ ယောက်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ် ၁ ခုမှာ ၁ ယောက်နဲ့ ကယားပြည်နယ်မြို့နယ် ၁ ခုမှာ ၁ ယောက်  အသီးသီး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာတွေထဲမှာ အနံ့မရရှိသူ ၁၇၄ ယောက် ပါဝင်နေပြီး  မနေ့ကည ၈ နာရီမှာ ထုတ်ပြန်တဲ့ ဓာတ်ခွဲအတည်ပြုလူနာ ၁,၀၂၆ ယောက်စာ ရင်းထဲက ၁ ယောက်က ဒုတိယအကြိမ် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးတာ ဖြစ်တဲ့အတွက် အောက်တိုဘာ ၁၅ ထိ ဓာတ်ခွဲအတည်ပြုလူနာ ၁,၀၂၅ ယောက်ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူနာ ၃၂,၃၅၁ ယောက်၊ သေဆုံးသူ ၇၆၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၄,၇၀၆ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါ တယ်။

ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၉  သန်း ကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၉ ဒသမ ၄ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013