DVB Logo
Home
မြန်မာသတင်း
ခါရာ၊ ပန်းရောင်ခြယ်နှင့် မျိုးဆက်သစ်အနုပညာရှင်တချို့ Asian Academy Creative Awards ဆန်ကာတင်စာရင်းဝင်
DVB
·
October 16, 2020
ခါရာ၊ ပန်းရောင်ခြယ်နှင့် မျိုးဆက်သစ်အနုပညာရှင်တချို့ Asian Academy Creative Awards ဆန်ကာတင်စာရင်းဝင်
1 / 5
Donate to DVB

       အာရှဒေသတွင်း အနုပညာထူးချွန်ဆုပေးပွဲတခုဖြစ်တဲ့ Asian Academy Creative Awards ရဲ့ နိုင်ငံအလိုက် National Winners ဆုရ ဆန်ကာတင်စာရင်းတွေကို ထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံက ခါရာ၊ ပန်းရောင်ခြယ်တို့နဲ့အတူ မျိုးဆက်သစ်အနုပညာရှင်တွေ ပါဝင်နေပါတယ်။

       ခါရာက “လောကကြိုးဝိုင်း” ဇာတ်လမ်းတွဲနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုစာ ရင်းမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ပန်းရောင်ခြယ်ကတော့ “လိပ်ပြာ” ဇာတ်လမ်းတွဲနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုစာရင်းမှာ ပါဝင်လာခဲ့တာပါ။

       အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုစာရင်းမှာတော့ “သူစိမ်းအိမ်”ရုပ်ရှင်ကားထဲက သရုပ်ဆောင် ကူးကူးဇင်အောင်က ရွေးချယ်ခံခဲ့ရပြီး အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကိုတော့ “လိပ်ပြာ”ဇာတ်လမ်းတွဲနဲ့ ဝေယံ(PBE)က ရွေးချယ်ခံခဲ့ရပါတယ်။

       အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုစာရင်းမှာတော့ “သူစိမ်းအိမ်”ရုပ်ရှင်က ရွေးချယ်ခံခဲ့ရပြီး အကောင်းဆုံးဒါရိုက်တာဆုစာရင်းမှာတော့ အဲဒီကားကို ရိုက်ကူးခဲ့တဲ့ လူငယ်ရုပ်ရှင်ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ရွေးချယ်ခံခဲ့ရတာပါ။

အကောင်းဆုံး ဒရာမာစီးရီးစ်ဆုစာရင်းမှာတော့ “လိပ်ပြာ”ဇာတ်လမ်းတွဲက ရွေးချယ်ခံခဲ့ရ တာ ဖြစ်ပါတယ်။

အကောင်းဆုံးမူလဇာတ်ညွှန်းဆုစာရင်းမှာတော့ ဆန်းသစ်တဲ့ တင်ပြဟန်နဲ့ “ယူရီ” ရုပ်ရှင် ကားရဲ့ ဖန်တီးရှင် ဒါရိုက်တာ အာဂသူရက ရွေးချယ်ခံခဲ့ရပြီး အကောင်းဆုံးဇာတ်လမ်းတိုဆု ကိုတော့ Dear Father-သို့ဖေဖေ ဇာတ်လမ်းတို ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။

       အကောင်းဆုံး ရုပ်ရှင်အသံဆုကိုတော့ Mingalar Cinema Animation က ရွေးချယ်ခံခဲ့ ရပြီး အကောင်းဆုံးအားကစားအစီအစဉ်ဆုကိုတော့ Canal+ FG က တင်ဆက်တဲ့ WLC: KING OF NINE LIMBS အစီအစဉ်က ရွေးချယ်ခံခဲ့ရတာပါ။

       အကောင်းဆုံး ဇာတ်ဝင်သီချင်းဆုကိုတော့ “လိပ်ပြာ”ဇာတ်လမ်းတွဲထဲက အဆိုတော် Daniel Saw ရဲ့ “Enemies of You” သီချင်းက ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

       Asian Academy Creative Award ဆုပေးပွဲကိုတော့ နှစ်စဉ်ပြုလုပ်လေ့ရှိပြီး အာရှနဲ့ ပစိဖိတ်ဒေသတွင်းက တနှစ်တာအတွင်း ထုတ်လုပ်တင်ဆက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေ၊ ဇာတ်လမ်းတွဲတွေကို ရွေးချယ်ပြီး ကဏ္ဍအလိုက် ထူးချွန်ဆုတွေ ချီးမြှင့်တဲ့ ဆုပေးပွဲ ဖြစ်ပါတယ်။

       ခုလတ်တလောမှာတော့ မြန်မာနိုင်ငံက National Winners ဆုရရှိသူတွေ အပါအဝင် တခြားသော အာရှနိုင်ငံအသီးသီးက National Winners တွေကို ဆန်ကာတင်အနေနဲ့ ထုတ်ပြန် လိုက်တာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလမှာကျင်းပမယ့်  Grand Final ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ကြ ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013