DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်၌ ပထမဦးဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိ
DVB
·
October 15, 2020
ကယားပြည်နယ်၌ ပထမဦးဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိ
1 / 3
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကင်းစင်တဲ့  တစ်ခုတည်းသောဒေသဖြစ်တဲ့ ကယားပြည်နယ်မှာ ပထမဦးဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိရကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနက သိရပါတယ်။ 

အဆိုပါ အတည်ပြုလူနာဟာ ရန်ကုန်မြို့ကနေ အောက်တိုဘာ ၆ ရက်နေ့က ပြန်လာတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး ပြန်လာစဉ်ကတည်းက သူ့ကို လွိုင်ကော်ပညာရေးကောလိပ် ကွာရန်တင်းစင်တာမှာ ထားရှိခဲ့တာဖြစ်ပါတယ်။ 

မနေ့ကသူရဲ့ နှာခေါင်းတို့ဖတ်ကိုယူပြီး တောင်ကြီးဓာတ်ခွဲဌာနကို ပို့ဆောင်ခဲ့ရာ ဒီကနေ့ ည ၈ နာရီ ကျန်းမာရေးဌာနရဲ့ အတည်ပြုလူနာထုတ်ပြန်ချက်အရ ပိုးတွေ့ခဲ့တာဖြစ်ကြောင်း ကယားပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါ အတည်ပြုလူနာဟာ ကျန်းမာရေးကောင်းမွန်နေပြီး သူ့ကို လွိုင်ကော်ပြည်သူ့ဆေးရုံက ကိုဗစ်-၁၉ ပိုးတွေ့လူနာထားဖို့ ပြင်ဆင်ထားတဲ့ နေရာကို ပို့ဆောင်ကုသပေးနေကြောင်း ဒေါက်တာဌေးလွင်ကပြောပါတယ်။

“သူ့ကျန်းမာရေးအခြေအနေကတော့ သူ့မှာ ဘာရောဂါလက္ခဏာမှ မရှိပါဘူး။ အဖျားလည်းမရှိဘူး။ ကျန်းမာပါတယ်။ ကောင်းကောင်းစားနိုင်သွားနိုင်လာနိုင်ပါတယ်။ ပိုးတွေ့တာပဲရှိပါတယ်။ သူ့ကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၊ ဆရာတို့ ကိုဗစ်ရောဂါသည်တွေ positive တွေ့လာခဲ့ရင် ကုသပေးဖို့ဆိုတဲ့ ပြည်နယ်အစိုးရရဲ့ ရန်ပုံငွေနဲ့ထောက်ပံ့ပေးထားတဲ့ ပြင်ဆင်ထားတဲ့ ဆေးရုံဟောင်းမှာ ထားထားပါတယ်။ ”

သူရောက်တဲ့နေ့က သူငယ်ချင်းတယောက် အိတ်လာသယ်ကူတဲ့အတွက် အဲဒီသူငယ်ချင်းကိုလည်း ကွာရန်တင်းထားရှိဖို့  လုပ်ဆောင်နေပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင်တွေ့ရှိတဲ့ မတ်လ ၂၃ ရက်မှ အောက်တိုဘာ ၁၅ ရက်နေ့ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၂,၃၅၁ ဦးရှိပြီဖြစ်ပြီး ကယားပြည်နယ်မှာတော့ ဒီကနေ့ ပထမဆုံး အတည်ပြုလူနာတွေ့ရှိတာဖြစ်ပါတယ်။ 

“ ဆရာတို့ကတော့ တနေ့နေ့တွေ့မယ်ဆိုတာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်ကြီးက ဆရာတို့က တနေ့နေ့ တွေ့လာနိုင်တယ်ဆိုတာ ကြိုတင်ပြီးတော့ စိတ်ထဲကတော့ပူနေတာပေါ့။ ဒါပေမဲ့ တွေ့သွားပြီဆိုတော့လည်း တွေ့တဲ့အတိုင်းပဲ ဆရာတို့က ကြည့်ရမှာပေါ့။ ဒါပေမဲ့ ကံကောင်းတာကတော့ ဒီတွေ့တဲ့လူဟာ ဆရာတို့ ရောက်ရောက်ချင်း ကွာရန်တင်းထဲထည့်ထားတဲ့အခါကျတော့တခြားမြို့ထဲကို ရောဂါပြန့်တာမရှိဘူးပေါ့။ ဒီကွာရန်တင်း စင်တာမှာရှိတဲ့ သူနဲ့အတူတူနေတဲ့အနီးနားလူတွေလည်း ဆရာတို့ စစ်ထားတဲ့နေရာမှာ ပိုး မတွေ့ပါဘူး။ ”

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၃၂,၃၅၁ ယောက်၊ သေဆုံးသူ ၇၆၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၄,၇၀၆ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013