ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ဖီဒီဗယ်ဗာဒီနဲ့ ချူအာမေနီတို့ အကြီးအကျယ် ရန်ဖြစ်ခဲ့ကြတာကြောင့် ဗယ်ဗာဒီ ဦးခေါင်းဒဏ်ရာရပြီး ဆေးရုံတင်ခဲ့ရပါတယ်။
ဒီဖြစ်ရပ်ကြောင့် ကစားသမား ၂ ယောက်စလုံးကို အသင်းက စည်းကမ်းပိုင်းအရ အရေးယူထားပြီး ဗယ်ဗာဒီကတော့ ၂ ပတ်နီးပါး အနားယူရမှာပါ။
ဗယ်ဗာဒီကတော့ ထိုးကြိတ်ခဲ့တာမဟုတ်ဘဲ စားပွဲနဲ့တိုက်မိတာလို့ ငြင်းဆိုထားပေမဲ့ အသင်းတွင်း စည်းလုံးမှုကတော့ အတော်လေး ပျက်ပြားနေပါတယ်။
လာမဲ့တနင်္ဂနွေနေ့မှာ ဘာစီလိုနာနဲ့ အယ်လ်ကလက်စီကိုပွဲ ကစားရမှာဖြစ်ပြီး အဲဒီပွဲမှာ ရှုံးနိမ့်ခဲ့ရင် ရီးရဲလ်တို့ လာလီဂါချန်ပီယံဆုကို လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။










