DVB Logo
Home
မြန်မာသတင်း
ရှင်မတောင်နှင့် ပုပ္ပါးတောင်ပေါ်က မျောက်များအတွက် အစားအစာအလှူရှင် လိုအပ်နေ
DVB
·
October 15, 2020
ရှင်မတောင်နှင့် ပုပ္ပါးတောင်ပေါ်က မျောက်များအတွက် အစားအစာအလှူရှင် လိုအပ်နေ
1 / 6
Donate to DVB

မကွေးတိုင်းရှိ ရှင်မတောင်နဲ့  မန္တလေးတိုင်းရှိ ပုပ္ပါးတောင်ပေါ်ကို အခုကိုဗစ်ကာလမှာ ခရီးသွားလာခွင့် ပိတ်ထားတဲ့အတွက် တောင်ပေါ်မှာရှိတဲ့ မျောက်တွေ အစာရေစာ ရှားပါးလာလို့ နယ်ကျွံပြီး အစာရေစာ ရှာလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလို အစာရေစာရှားပါးလာတဲ့ မျောက်လေးတွေအနေနဲ့ မိုင် ၃၀ ကျော်လောက်အထိ နယ်ကျွံ အစာရှာလာတာတွေရှိနေတာကြောင့် ပခုက္ကူမြို့နယ်က လူငယ်ပရဟိတအဖွဲ့က သွားရောက် လှူဒါန်းချင်သူတွေကို ကူညီပေးသွားမယ်လို့ သိရပါတယ်။

ပခုက္ကူမြို့နယ်က မျောက်စာကျွေးနိုင်ဖို့ ဖွဲ့ထားတဲ့ လူငယ်ပရဟိတ ခေါင်းဆောင် ကိုသော်တာထက်က “အလှူရှင်တွေရှာပြီးတော့ အစ်ကိုတို့က နီးတယ်ဆိုတော့ ဆက်တိုက်အလှူရှင်ရှာပြီးတော့ ကျွေးသွားချင်တယ် အဲ့လို လှူပေးချင်တာပေါ့ Stay at Home မဟုတ်တဲ့ ဒေသတွေကလာပြီး မျောက်ကလေးတွေ အစာကျွေးချင်တယ်ဆို စာရွက်စာတမ်းအပြည့်သာယူခဲ့ပါ အစအဆုံး ကူညီပေးမယ်”လို့ ပြောပါတယ်။

အလှူရှင်တွေအနေနဲ့ ရှင်မတောင်က မျောက်ကလေးတွေအတွက် ကိုယ်တိုင်ကိုယ်ကျ ကျွေးခွင့်ရှိပါတယ်။  ပုပ္ပါးတောင်က မျောက်တွေအတွက်ကတော့ စာရွက်စာတမ်း အစုံပါပေမယ့်လည်း ပုပ္ပါးရဲစခန်းအကျော်မှာရှိတဲ့ မောင်းတံဂိတ်စောင့်တွေရဲ့ အ၀င်ဟန့်တားမှု တွေကြောင့် ကျွေးဖို့ အခက်အခဲတွေရှိတယ်လို့ မျောက်စာသွားကျွေးတဲ့ ပရဟိတအဖွဲ့ ခေါင်းဆောင်ဆီက သိရပါတယ်။

“အစ်ကိုတို့သွားလှူတယ် အစ်ကိုတို့လှူတာလေးနဲ့ပြီးသွားတယ်ဖြစ်မှာစိုးလို့ အဆိုတော် ဇွဲပြည့်ပါတယ်။ သူ့ရဲ့ ပေ့ခ်ျကနေလည်း အနုပညာရှင်တွေကိုလှမ်းပြီးတော့ Live လွှင့်တာမျိုး ဒီမှာ ဒီလိုကျွေးလို့ရတယ် ဒီလိုအခက်အခဲတွေရှိနေတယ် အဓိက ကအလှူရှင်တွေလိုချင်တာပါ။ သူ့ဆီက အချိတ်အဆက်တွေ အစ်ကိုတို့ဆီကအချိတ်အဆက်တွေ အချင်းချင်းချိတ်ဆက်ပြီးကာမှ လာလှူ ကြရင် အဆင်ပြေအောင်လို့ အဓိက ကတော့ ဒီကမျောက်ကလေးတွေ အတွက်အစာရေစာ မပြတ်တောက်အောင်ရည်ရွယ်ပြီးလုပ်တာပဲ။”လို့ ကိုသော်တာထက်က ပြောပါတယ်။

ပုပ္ပါးတောင်ပေါ်က မျောက်တွေကို ဘုရားဂေါပက အဖွဲ့က အစာခြောက်ပြောင်းဖူးတွေကို ကျွေးနေတာတွေရှိပေမယ့်လို့ ခုချိန်မှာ ဘုရားဖူး ခရီးသွားမရှိတဲ့အတွက် အစာလိုအပ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရှင်မတောင် တောင်ပေါ်က မျောက်တွေအနေနဲ့လည်း ဘုရားဖူး ခရီးသွားတွေ မလာကြတဲ့ အချိန်ဖြစ်တာကြောင့် အစာကျွေးလိုသူ အလှူရှင်တွေ လာမယ်ဆိုရင် သံဃာတော်တွေက ကြိုဆိုတယ်လို့  ဒေသခံတွေက ဆိုပါတယ်။

လှူဒါန်းလိုသူတွေအနေနဲ့ မျောက်စာကျွေးဖို့ ကူညီရေး ပရဟိတ အဖွဲ့ခေါင်းဆောင် ကိုသော်တာထက် 09401501461ကို ဆက်သွယ် လာရောက်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

သတင်း- ခင်ပြည့်စုံဝင်း

ဓာတ်ပုံ- ကိုသော်တာထက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013