
ရန်ကုန်မြို့ အဝင်အထွက် တိုးဂိတ်အနီးမှာ ကုန်တင်ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက် တွေကို ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ အမြစ်စစ်ဆေးတဲ့ Rapid test kit တွေနဲ့ စစ်ဆေးနေပါတယ်။
စစ်ဆေးခအဖြစ် ကျပ် ၁၀၀၀၀ နဲ့ စစ်ဆေးပေးနေတာဖြစ်ပြီး အိမ်စီးကားတွေ မပါဝင်ကြောင်း၊ ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်ဟာ ကုန်စည်သယ်ယူပို့ဆောင်ရေး မပြတ်တောက်စေရေးဖို့ အဓိကထားလုပ်ဆောင်တာလို့ ဆိုပါတယ်။
Rapid test kit တွေ အသုံးပြုစစ်ဆေးရာမှာ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူချိန်မှ မိနစ် ၃၀ အတွင်း အဖြေထုတ်ပေးရာ အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းမှာ လူဦးရေ ၁၀၀ ဝန်းကျင်ကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ positive ၂ ဦးတွေ့ရှိခဲ့ပါတယ်။










