DVB Logo
Home
မြန်မာသတင်း
အဆိုတော်ဇော်ပိုင်မိသားစုက ဧရာဝတီ ကိုဗစ်စင်တာသို့ ငွေကျပ် ၁၀ သိန်းလှူဒါန်း
DVB
·
October 14, 2020
အဆိုတော်ဇော်ပိုင်မိသားစုက ဧရာဝတီ ကိုဗစ်စင်တာသို့ ငွေကျပ် ၁၀ သိန်းလှူဒါန်း
Donate to DVB

အဆိုတော် ဇော်ပိုင်တို့ မိသားစုက ဧရာဝတီဖောင်ဒေးရှင်း ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာကို ငွေကျပ် ၁၀ သိန်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ဧရာဝတီဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

“ဧရာဝတီ ဖောင်ဒေးရှင်းက အဓိက ပံ့ပိုးကူညီဦးဆောင်မှုဖြင့် COVID-19 လူနာများကို လက်ခံကုသပေးလျက်ရှိနေသည့် ဧရာဝတီစင်တာအတွက် အဆိုတော် ကိုဇော်ပိုင် + မမီမီနေမင်းဝင်း၊ (သား)ရွှေပိုင် မိသားစုမှ ကာလဒါနအလှူအဖြစ် ငွေကျပ် ၁၀ သိန်းကို စေတနာထက်သန်စွာဖြင့် ပံ့ပိုးကူညီ လှူဒါန်းပေးခဲ့ပါသည်။ ယခုကဲ့သို့ ပံ့ပိုးကူညီပေးခြင်းအတွက် ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် အထူးကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်းနှင့် စီးပွားဥစ္စာများ ဒီရေအလား တိုးပွား၍ အများအကျိုးအတွက် ဆထက်ထမ်းပိုး ပံ့ပိုးကူညီနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်”

ဧရာဝတီဖောင်ဒေးရှင်းအနေနဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလမှာ ရန်ကုန်တိုင်းအတွင်း ပိုးတွေ့လူနာတွေ များလာတဲ့အတွက် တဖက်တလမ်းက ကူညီတဲ့အနေနဲ့ သုဝဏ္ဏ မြက်ခင်းတုကွင်းမှာ ကိုဗစ်ယာယီကုသရေးဌာနကို တည်ဆောက်ပေးခဲ့ပြီး လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ၊ ဆေးဝါးတွေအပါအဝင် ကုသမှုခံယူမယ့် လူနာတွေနဲ့ ကုသရေး တာဝန်ရှိသူတွေရဲ့ နေထိုင်စားသောက်ရေး စတာတွေကို ဖောင်ဒေးရှင်းက ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကုသရေးဌာန(သုဝဏ္ဏ)ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး လူနာတွေထားရှိဖို့ ဧရာဝတီစင်တာ (A) နဲ့ (B) အပြင် အရေးပေါ်လူနာတွေ ထားရှိဖို့အတွက်ပါ ICU/HCU ကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဧရာဝတီစင် တာ (A) နဲ့ (B) မှာ လူနာ ၈၇၅ ဦးထားရှိနိုင်မှာဖြစ်ပြီး ICU/HCU မှာတော့ ၁၂၅ ဦးနဲ့ စုစုပေါင်း လူနာဦးရေ ၁,၀၀၀ ထိ ထားရှိနိုင်ပြီ ဖြစ်ပါတယ်။

ဇော်ပိုင်ကိုတော့ ပရိသတ်တွေက “မင်းနဲ့မှချစ်တတ်ပြီ” ၊ “ရင်ခုန်ရလွန်းလို့ရူးမှာပဲ” စတဲ့ သူ့ရဲ့ နာမည်ကြီးသီချင်းတွေနဲ့ တွဲပြီး ပရိသတ်တွေက မှတ်မိကြမှာ ဖြစ်ပါတယ်။

ပွမ်ပွမ်မြည်တဲ့အသည်းလေးနှင့် ဦးဘညွန့်ရဲ့ချစ်ဒုက္ခ၊ မြို့အဝင်ည၊ အကြင်နာအင်အား၊ ချစ်သူရဲ့အမိန့်၊ ခိုင်မြဲသောအချစ်၊ မိုးကောင်းကင်သစ်၊ နှစ်ယောက်တည်းကမ္ဘာ၊ အမောပြေ၊ ရွှေရောင်နှစ်သစ်၊ ချစ်တတ်လာပြီ၊ ပင်လယ်မြို့ပြ၊ ပြုသူအသစ် စတဲ့ သူ့ရဲ့ နာမည်ကြီး တေးအယ်လ်ဘမ်တွေရော တခြားအတွဲတေးအယ်လ်ဘမ်တွေ၊ အုပ်စုလိုက် တေးအယ်လ်ဘမ်တွေမှာပါ သီဆိုအောင်မြင်ခဲ့တဲ့ ဇော်ပိုင်ဟာ လက်ရှိအချိန်ထိ ဂီတလောကမှာ ဆယ်စုနှစ်နဲ့ချီ သီဆို အောင်မြင်နေသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ ဇော်ပိုင်ဟာ R. ဇာနည်၊ ဖိုးကာတို့နဲ့အတူ ကိုဗစ်-၁၉ ကျန်းမာရေးအသိပညာပေး သီချင်းတပုဒ်ဖြစ်တဲ့ “Mask” အမည်ရတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိထားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013