ကွမ်းခြံကုန်းတွင် ကျန်းမာရေးဝန်ထမ်း ၁ ဦးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဦး ထပ်တွေ့
DVB
·
October 12, 2020
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်မှာ အောက်တိုဘာ ၁၁ ရက်နေ့က ၉ လအရွယ် ကလေးငယ် ၁ ဦးနဲ့ ကျန်းမာရေးဝန်ထမ်း ၁ ဦးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
၉ လအရွယ် မိန်းကလေးဟာ ကွမ်းခြံကုန်းမြို့၊ တောင်ဘက်ပိုင်းရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ဦးလေးဖြစ်သူဆီကနေ ရောဂါပိုး ကူးစက်ခံရတာဖြစ်ပါတယ်။
ဒါ့အပြင် ကန့်မလာကျေးရွာ၊ ကျန်းမာရေးဌာနခွဲက အသက် ၂၉ နှစ်အရွယ် ကျန်းမာရေးကြီးကြပ်(၂) အမျိုးသား ၁ ဦးလည်း ရောဂါပိုးတွေ့ရှိခဲ့ပြီး သူက အတည်ပြုလူနာနဲ့ ထိတွေ့သူ ဖြစ်တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
လက်ရှိမှာ သူတို့ကို ဆေးကုသမှုခံယူဖို့ အောင်မြင့်မိုရ်အိမ်ရာ ကုသရေးစင်တာကို ပို့ဆောင်ထားပြီး အနီးကပ်ထိတွေ့သူတွေကို စာရင်းပြုစုနေဆဲဖြစ်ကာ ကွာရန်တင်းထားရှိသွားမယ်လို့ ဆိုပါတယ်။
ကွမ်းခြံကုန်းမြို့နယ်မှာ အောက်တိုဘာ ၁၁ ရက်နေအထိ အတည်ပြုလူနာ ၁၀၁ ဦးအနက် ဆေးရုံဆင်းခွင့်ရသူ ၇၄ ဦးရှိပြီလို့ သိရပါတယ်။
သတင်း - လွင်မိုးအောင်၊ ဓာတ်ပုံ - သဒ္ဒါဖြူလူမှုကူညီရေး