DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့တွင် တညတည်း ကိုဗစ်-၁၉လူနာသစ် ၂၅ ဦး ထပ်မံတွေ့ရှိ
DVB
·
October 11, 2020
ပဲခူးမြို့တွင် တညတည်း ကိုဗစ်-၁၉လူနာသစ် ၂၅ ဦး ထပ်မံတွေ့ရှိ
Donate to DVB

ပဲခူးမြို့မှာ တညတည်း ပိုးတွေ့လူနာသစ် ၂၅ ဦး ထပ်မံတွေ့ရှိပြီး ပြည်သူတွေအနေနဲ့ Stay at Home မလိုက်နာပါက စိုးရိမ်ရမယ့်အခြေအနေထိ ရောက်သွားနိုင်တယ်လို့ ပဲခူးမြို့နယ် ကျန်းမာရေးမှူးက သတိပေးလိုက်ပါတယ်။

ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနရဲ့ အောက်တိုဘာ ၁၀ ရက်နေ့ည ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ အသစ် ၂၅ ဦး ထပ်မံတွေ့ရှိပြီး ပဲခူးမြို့မှာ အတည်ပြုလူနာပေါင်း ၁၅၀ အထိရှိလာပြီ ဖြစ်ပါတယ်။

ပိုးတွေ့ရှိသူတွေဟာ ရန်ကုန်ပြန်တွေနဲ့ အရင်အတည်ပြုလူနာတွေနဲ့ ထိစပ်ခဲ့သူတွေ ဖြစ်တဲ့အပြင် အသွားအလာကန့်သက်ထားသူတွေ ဖြစ်တယ်လို့ ပဲခူးမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာရန်နိုင်ရှိန်းက ပြောပါတယ်။

“အခုဆိုရင် တိုင်း ကိုဗစ် ကော်မတီကနေ ပဲခူးတိုင်းအတွင်းကို ရန်ကုန်ဘက်က လူစီးကားတွေကို တားမြစ်လိုက်ပေမယ့် ပဲခူးမြို့နေရာအနှံ့မှာ အနံ့မရသူတွေ များစွာ ပေါ်ထွက်နေပါတယ်။ ဒါကြောင့် ပြည်သူတွေဘက်က Stay at Home သတ်မှတ်ပေးထားတဲ့အတိုင်း လိုက်နာမှသာ ရောဂါပိုးကို ထိန်းချုပ်နိုင်မှာဖြစ်ပြီး မလိုက်နာရင် Contact ကနေ Contact တွေ ထပ်ထပ်ဖြစ်ပြီး ပိုးများလာနိုင်တဲ့အတွက် စိုးရိမ်ရတယ်။” 

 ဒါအပြင်  ပဲခူးမြို့မှာ လက္ခဏာမပြဘဲ ပိုးတွေ့ရှိသူတွေ ပျံ့နှံ့နေပြီ ဖြစ်တာကြောင့် အထူးသတိထားကြဖို့ ဒေါက်တာရန်နိုင်ရှိန်းက သတိပေးပြောကြားခဲ့ပါတယ်။

“အခုဆိုရင် ပဲခူးဆေးရုံကို ရောက်လာတဲ့ သံသယလူနာတွေက ဘယ်သူနဲ့ ထိတွေခဲ့တယ်ဆိုတာ မပြောနိုင်ကြဘဲ သူတို့ကို စစ်လိုက်တဲ့အခါ ရောဂါပိုးတွေ့ရှိနေရတာတွေ ရှိလာပါတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာမဟုတ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စျေးလိုနေရာမျိုးတွေ လူစုလူဝေးတွေ အထူးသတိထားဖို့ လိုပါတယ်၊ တခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို မကြာခဏ ဆေးပေးဖို့ လိုသလို ချောင်းဆိုးတာကနေလည်း ရောဂါကူးစက်နိုင်ပါတယ်။ ဒါကြောင့် Stay at Home ကာလမှာ မလိုအပ်ဘဲ အပြင်မထွက်ကြပါနဲ့။” 

ပဲခူးတိုင်းအတွင်း Stay at Home သက်မှတ်ထားတဲ့ ပဲခူး၊ ကဝ၊ သနပ္ပင်မြို့နယ်တို့အပြင် ကျောက်တံခါးမြို့နယ်၊ သာယာဝတီမြို့နယ်နဲ့ လက်ပံတန်းမြို့နယ်တို့မှာလည်း ရောဂါပိုးတွေ့ရှိမှု များလာပြီး ပဲခူးတိုင်းမှာ ရောဂါပိုး တွေ့ရှိသူ ၇၆၀ ကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်၊၊

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013