DVB Logo
Home
မြန်မာသတင်း
သုဝဏ္ဏကွင်း ICU/HDU စင်တာတွင် အရေးပေါ်လူနာများကို စတင်ကုသပေး
DVB
·
October 11, 2020
သုဝဏ္ဏကွင်း ICU/HDU စင်တာတွင် အရေးပေါ်လူနာများကို စတင်ကုသပေး
1 / 3
Donate to DVB

ရန်ကုန်က သုဝဏ္ဏကွင်းမှာရှိတဲ့ ICU/HDU စင်တာမှာ အောက်တိုဘာ ၁၀ ရက်ကစပြီး အရေးပေါ်လူနာတွေကို စတင်ကုသပေးနေပြီ ဖြစ်ပါတယ်။

ရန်ကုန်က သုဝဏ္ဏကွင်းမှာရှိတဲ့ ICU/HDU စင်တာမှာ ပါမောက္ခဆရာဝန်ကြီး ၃ ဦး ဦးဆောင်ပြီး ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်း အင်အား ၁၅၀ ကျော်နဲ့ ပြုစုစောင့်ရှောက်ကုသပေးနေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိ သုဝဏ္ဏကွင်း ICU/HDU စင်တာဟာ ၇၅ ခုတင်ဆံ့ စင်တာဖြစ်ပြီး  ၁၂၅ ခုတင်အထိ တိုးချဲ့ ဖွင့်လှစ်သွားဖို့ရှိနေကာ လိုအပ်တဲ့ စက်ပစ္စည်း၊ ဆေးဝါးနဲ့ ကာကွယ်ရေးပစ္စည်းတွေ၊ အောက်စီဂျင်စက်တွေကို ပြည်တွင်းပြည်ပက ဝယ်ယူဖြည့်တင်းနိုင်ဖို့ ဧရာဝတီဖောင်ဒေးရှင်းက ကျပ်သိန်း ၁ သောင်းခွဲ ထပ်မံ မတည် လှူဒါန်းထားတယ်လို့ သိရပါတယ်။

အလားတူ မန္တလေးဘောလုံးအကယ်ဒမီကိုလည်း ခုတင် ၁၀၀ ဆံ့ ကိုဗစ်စင်တာအဖြစ် လူနာတွေ ထားရှိဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။

မန္တလေးဘောလုံးအကယ်ဒမီ Quarantine Center အတွက် ဧရာဝတီဖောင်ဒေးရှင်း အကူအညီနဲ့ ဆေးပစ္စည်းနဲ့ဆက်စပ်ပစ္စည်းတွေ ဝယ်ယူဖြည့်တင်းထားပြီးဖြစ်သလို ရေချိုးခန်းနဲ့ သန့်စင်ခန်းတွေေ၊ ကျန်းမာရေးဝန်ထမ်းနဲ့ Volunteer တွေအတွက် နားနေဆောင်တွေ၊ CCTV နဲ့ စောင့်ကြည့်ရေးစနစ်တွေေ၊ လျှပ်စစ်မီးစနစ်တွေနဲ့ စနစ်တကျ အမှိုက်ပစ်နိုင်ဖို့ ကိစ္စတွေကို ဆောင်ရွက်ထားတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo : Myanmar Football Federation

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013