DVB Logo
Home
မြန်မာသတင်း
မာမာအေး သီချင်းကို အေးမြဖြူ ပိုင်ပိုင်နိုင်နိုင် ပြန်လည်သီဆိုထားသည့် “သက်တံပေါ်မှာကစားမယ်” (ရုပ်သံ)
DVB
·
October 11, 2020
မာမာအေး သီချင်းကို အေးမြဖြူ ပိုင်ပိုင်နိုင်နိုင် ပြန်လည်သီဆိုထားသည့် “သက်တံပေါ်မှာကစားမယ်” (ရုပ်သံ)
Donate to DVB

အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပတဲ့ ရွှေအက်ဖ်အမ်ရဲ့ ၁၁ နှစ်ပြည့် ဂီတဖျော်ဖြေပွဲမှာတော့ မြန်မာအိုင်ဒေါစတား တေးသံရှင် အေးမြဖြူက ဂန္ထဝင် အဆိုတော်ကြီး မာမာအေးရဲ့ သီချင်းတပုဒ်နဲ့အတူ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။

“သက်တံပေါ်မှာကစားမယ်” အမည်ရတဲ့ အဆိုပါ သီချင်းကိုတော့ တေးရေး ကိုဥက္ကာက ရေးစပ်ပေးထားခဲ့ပြီး မာမာအေး သီဆိုချိန်ကတည်းက အောင်မြင်ခဲ့တဲ့ သီချင်းတပုဒ်ဖြစ်ကာ နောက်ပိုင်းမှာတော့ အဆိုတော်ပေါင်းများစွာ ပြည်လည်သီဆိုမှုနဲ့အတူ ရေပန်းစားနေဆဲ သီချင်းတပုဒ် ဖြစ်ပါတယ်။

“ခြူးပန်းခြူးနွယ် မကန်းယှက်သွယ်… ထူးဆန်းထူးတယ် တလှမ်းထက်ဝယ်… သက်တံ ပေါင်းကူးတံတား ရေးရေးပေါ်ခဲ့တယ်… ဖြူနီဝါရောင်စုံခြယ်… စူကာမရမ်းနဲ့ရယ်… ဖြူစွာပန်းနဲ့ကွယ်… ထိန်လင်းကြည်ဖွယ်… တိမ်နှင်းဆီအလှသွေးရောင်ခြယ်”

အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်းလာခဲ့တဲ့ အေးမြဖြူဟာ ပြိုင်ပွဲဝင်ချိန်မှာ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အသက်အငယ်ဆုံးပြိုင်ပွဲဝင် ဖြစ်လာခဲ့တာပါ။

အေးမြဖြူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Myanmar Idol Season 4 မှာတော့ တနိုင်ငံလုံးက ရွက်ပုန်းသီး မျက်နှာသစ်လူငယ်တွေ အများအပြား ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သီတင်းပတ် တပတ်ပြီးတပတ် အဆင့်ဆင့် အစွမ်းပြယှဉ်ပြိုင်မှုတွေနဲ့ နောက်ဆုံး Grand Final အဆင့်ထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

သိပ်မကြာခင်ကလည်း သူဟာ ဆန်းသစ်တဲ့ သီဆိုဟန်နဲ့ “နော်”အမည်ရတဲ့ မြူးမြူးကြွကြွ သီချင်းတပုဒ် ထွက်ရှိထားခဲ့ပါသေးတယ်။

“ကစားမယ်… ကစားမယ်… သက်တံပေါ်မှာ ကစားမယ်… ကစားမယ်… ကစား မယ်… သက်တံပေါ်မှာ ကစားမယ်… မိုးစက်ကုန်းဝယ် တူတူပုန်းမယ်… တိမ်တိုက်တွေ ကြားက… ပြေးဆော့ကာရယ်… သက်တံဝန်ရိုးစွန်း… မိုးယွန်းယွန်းထိကွယ်… လရထား နဲ့… ကြယ်များကို စီးကာရယ်… ကစားမယ်… ကစားမယ်… သက်တံပေါ်မှာ ကစား မယ်… ကစားမယ်… ကစားမယ်… သက်တံပေါ်မှာ ကစားမယ်… ကစား… ရအောင် ကွယ်”

မြန်မာသံရော ခေတ်ပေါ်စတီရီယိုသီချင်းတွေကိုပါ ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ အေးမြဖြူက ခုတခါမှာလည်း  “သက်တံပေါ်မှာ ကစားမယ်”သီချင်းကို လင်္ကာဒီပ သံစုံတေး ဂီတအဖွဲ့ရဲ့တီးခတ်ပေးမှုနဲ့အတူ သူ့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ ပီပီပြင်ပြင် သီဆိုသွားနိုင်ခဲ့တာကို ပရိသတ်တွေက ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013