DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁၄၆၁ ဦးတွင် ရန်ကုန်တိုင်းက ၁၂၀၇ ဦးပါဝင်
DVB
·
October 10, 2020
ကိုဗစ်-၁၉ လူနာသစ် ၁၄၆၁ ဦးတွင် ရန်ကုန်တိုင်းက ၁၂၀၇ ဦးပါဝင်
Donate to DVB

မနေ့က ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၄၆၁ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၁၂၀၇ ယောက်ပါပြီး မြောက်ဥက္ကလာပမြို့နယ်က ၁၅၅ ယောက်တွေ့လို့ အများဆုံးဖြစ်ပါတယ်။

ပြီးတော့ ကမာရွတ်က ၉၃ ယောက်၊ ကြည့်မြင်တိုင်က အယောက် ၉၀၊ အင်းစိန်က ၈၈ ယောက်၊ မင်္ဂလာဒုံက ၇၉ ယောက်၊ ရွှေပြည်သာက ၇၃ ယောက်၊ တာမွေက ၇၁ ယောက်နဲ့ အများဆုံး တွေ့ခဲ့ရပါတယ်။

မန္တလေးတိုင်း ၁၆ မြို့နယ်က ၆၇ ယောက်၊ ရခိုင်ပြည်နယ် ၅ မြို့နယ်က ၂၇ ယောက်၊ ပဲခူးတိုင်း ၁၀ မြို့နယ်က ၃၅ ယောက်၊ ဧရာဝတီတိုင်း ၇ မြို့နယ်က ၂၁ ယောက်၊ မွန်ပြည်နယ် ၅ မြို့နယ်က ၁၁ ယောက်၊ မကွေးတိုင်း ၄ မြို့နယ်က ၃၈ ယောက်၊ နေပြည်တော် ၃ မြို့နယ်က ၅ ယောက်၊ စစ်ကိုင်းတိုင်း ၅ မြို့နယ်က ၂၃ ယောက်၊ တနင်္သာရီတိုင်း ၃ မြို့နယ်က ၄ ယောက်၊ ကရင်ပြည်နယ် ၂ မြို့နယ်က ၂ ယောက်၊ ချင်းပြည်နယ် ၃ မြို့နယ်က ၃ ယောက်၊ ကချင်ပြည်နယ် ၂ မြို့နယ်က ၁၅ ယောက်၊ ရှမ်းပြည်နယ် ၃ မြို့နယ်က ၃ ယောက်တွေ့ခဲ့ရပါတယ်။

ရန်ကုန်တိုင်း ဒဂုံမြို့နယ်ထဲက ၅ ယောက်ဟာ အိန္ဒိယက ပြန်လာလို့ အသွားအလာကန့်သတ်ထားသူတွေဖြစ်ပြီး မနေ့ကတွေ့တဲ့ လူနာတွေထဲမှာ အနံ့မရသူ ၁၉၉ ယောက်ပါတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013