DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းမြို့ ရဲတပ်ရင်း ၁၆ က ကိုဗစ်လူနာ ၇ ဦး ရောဂါသက်သာ၍ ဆေးရုံဆင်း
DVB
·
October 10, 2020
စစ်ကိုင်းမြို့ ရဲတပ်ရင်း ၁၆ က ကိုဗစ်လူနာ ၇ ဦး ရောဂါသက်သာ၍ ဆေးရုံဆင်း
Donate to DVB

စစ်ကိုင်းမြို့၊ စစ်ကိုင်း ခုတင် ၂၀၀ ဆေးရုံမှာ ဆေးကုမှုခံယူနေတဲ့  ရဲတပ်ရင်း အမှတ် ၁၆ က ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦးဟာ ရောဂါသက်သာသွားတာကြောင့် အောက်တိုဘာ ၁၀ ရက်နေ့ မနက်ပိုင်းက ဆေးရုံဆင်းသွားပြီလို့ စစ်ကိုင်းဆေးရုံကြီး တာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။

စစ်ကိုင်းဆေးရုံအုပ်ကြီး ဒေါ်စုစုထွန်းက “ရဲတပ်ရင်း ၁၆ က ပိုးတွေ့လူနာ ၇ ဦးဟာ ကျမတို့ဆေးရုံမှာ စက်တင်ဘာ ၃၀ ရက်နေ့က စပြီး ဆေးကုသခံယူခဲ့ပါတယ်။ သူတို့ကို စောင့်ကြည့်တဲ့ ရက်ကလည်း ပြည့်သွားပြီ။ ဆေးဆက်စစ်ကြည့်တော့လည်း အဖြေက Negative ဖြစ်တယ်။ အဲဒါကြောင့် သူတို့ကို ဆေးရုံဆင်းခွင့်ပြုလိုက်တယ်။ ဆေးရုံဆင်းသွားလို့ သူတို့တပ်ရင်းရောက်တဲ့အခါမှာလည်း Home Quarantine ၇ ရက် ထပ်နေရဦးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရဲတပ်သား ၇ ဦးကို စစ်ကိုင်းခုတင် ၂၀၀ ဆေးရုံကနေ စစ်ကိုင်း မုံရွာလမ်းဘေး အမှတ် (၁၆) ရဲတပ်ရင်းကို စစ်ကိုင်းမြို့နယ် ကြက်ခြေနီအဖွဲ့၊ သုခကာရီ လူမှုကူညီရေးအသင်း၊ အိုးဘို Rescue၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်းတို့က လိုက်လံပို့ဆောင်ကူညီပေးခဲ့တယ်လို့ ခရိုင် ကြက်‌ခြေနီတပ်ဖွဲ့မှူး ဦးမြင့်သိန်းထွန်းက ပြောပါတယ်။

စစ်ကိုင်းမြို့နယ်မှာ စက်တင်ဘာ ၂၄ ရက်နေ့က အုန်းတောနဲ့ ချောင်းပေါက်ကျေးရွာက ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး၊ စက်တင်ဘာ ၃၀ ရက်‌နေ့က ရဲတပ်ရင်း ၁၆ က ကိုဗစ်-၁၉ အတည်ပြုလူနာအမျိုးသား ၇ ဦး၊ အောက်တိုဘာ ၅ ရက်နေ့က ‌နှစ် ၇၀၀ ကွင်းမှာ ကားသမားတွေကို ကိုဗစ် စစ်ဆေးစဉ်က ပိုးတွေ့ရှိခဲ့တဲ့ အမျိုးသား ၁ ဦး၊ စုစုပေါင်း ပိုးတွေ့လူနာ ၁၀ ဦးသာ ရှိပါတယ်။

စစ်ကိုင်း ဆေးရုံကြီးက အတည်ပြုလူနာ ၁၀ ဦးထဲမှာ ရောဂါသက်သာသွားလို့ ဒီနေ့ဆေးရုံက ဆင်းသွားတဲ့ ၇ ဦး အပါအဝင် ၉ ဦးရှိပြီလို့ သိရပါတယ်။

သတင်း - ရဲနိုင်ဆွေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013