DVB Logo
Home
မြန်မာသတင်း
သတင်းတုသတင်းမှား ဖြန့်သူများအား အများပြည်သူသိစေရန် ထုတ်ပြန်မည်ဟု သမ္မတရုံးပြော
DVB
·
October 10, 2020
သတင်းတုသတင်းမှား ဖြန့်သူများအား အများပြည်သူသိစေရန် ထုတ်ပြန်မည်ဟု သမ္မတရုံးပြော
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံ ကိုဗစ် ဖြစ်နေတယ်၊ လူစားလဲထားတယ်ဆိုတဲ့ သတင်းတု သတင်းမှားတွေ ဖြန့်နေတဲ့သူတွေကို အရေးမယူဘဲ အများပြည်သူသိအောင် ထုတ်ပြန်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က လမ်းညွန်ထားတယ်လို့ သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့က Zoom Application နဲ့ ပြုလုပ်တဲ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ အခုလို ဖြေကြားခဲ့တာပါ။

သတင်းတု သတင်းမှားတွေ ဖြန့်နေတဲ့ Accountတွေ၊ Page တွေရဲ့ နေရပ်လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ၊ Email လိပ်စာ တွေ စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ဒါတွေဟာ ဥပဒေကြောင်းအရ ငြိစွန်းသလို အရေးယူလို့ ရတယ်လို့ ဆိုပါတယ်။

“သို့သော် ဒီဟာတွေကို တင်ပြပါတယ်။ ဒီ Account တွေက ဒီလို သတင်းမှားတွေ တင်နေတယ်၊ နိုင်ငံခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့လုပ်ကြံတင်းတွေ တင်နေတယ်ဆိုတာ တင်ပြပါတယ်။ ဒီသတင်းမှား ဖြန့်ဝေနေတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်ချက်ပေးပါတယ်။ ဒီလမ်းညွန်ချက်ကတော့ သူ့အနေနဲ့ကတော့ ဒီ သတင်းမှား ဖြန့်တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို အရေးမယူလိုပါဘူး၊ ဒါနံပါတ်တစ်ပေါ့။ နံပါတ်နှစ်ကတော့ ဒီသတင်းမှားတင်တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့ အမည်တွေ၊ လုပ်ဆောင်ချက်တွေကို အများသိအောင် ဆောင်ရွက်ပေးဖို့ ဒီလောက်ဆို လုံလောက်ပါတယ်ဆိုပြီး လမ်းညွှန်ပါတယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ်တွေကို နိုင်ငံတော်အတိုင်ပင်ခံရဲ့ လမ်းညွှန်ချက်အရ စိစစ် ဖော်ထုတ်ရရှိပေမယ့် အရေးယူမှာမဟုတ်ပါဘူး” လို့ ဦးဇော်ဌေးက ပြောပါတယ်။

အခုလို အရေးမယူပေမယ့် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ Page တွေကနေ အများပြည်သူသိအောင် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ဒါအပြင် ဒီကာလမှာ ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့ သတင်းမှား၊ သတင်းတု ဖြန့်ဝေနေတာတွေကို အရေးယူဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသလို အရေးယူဖို့လည်း ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013