DVB Logo
Home
မြန်မာသတင်း
အမေရိကန်သမ္မတသုံးသည့် ရမ်ဒီဆီဗာဆေးကို ကိုဗစ်ရောဂါပြင်းထန်လူနာများအတွက် သုံးနေဟု အတိုင်ပင်ခံပြော
DVB
·
October 10, 2020
အမေရိကန်သမ္မတသုံးသည့် ရမ်ဒီဆီဗာဆေးကို ကိုဗစ်ရောဂါပြင်းထန်လူနာများအတွက် သုံးနေဟု အတိုင်ပင်ခံပြော
Donate to DVB

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လက်ရှိသုံးနေတဲ့ ရမ်ဒီဆီဗာ (remdesivir) ဆေးတွေကို ကိုဗစ်-၁၉ ရောဂါပြင်းထန်တဲ့သူတွေအတွက် သုံးစွဲနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အောက်တိုဘာ ၉ ရက် ည ၈ နာရီက နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ပြည်သူလူထုကို  ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောသွားတာပါ။ 

အဲဒီဆေးတွေကို အိန္ဒိယနိုင်ငံက ဝယ်ထားသလို  လှူဒါန်းလို့ ရရှိထားတာလည်း ရှိပြီး ဒီဆေးတွေနဲ့  ပြည်တွင်းက ရောဂါပြင်းထန်ခံစားနေရတဲ့  ကိုဗစ်-၁၉ လူနာတွေအတွက် အသုံးပြုနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသွားပါတယ်။ 

အားလုံးအတွက် သုံးနိုင်တဲ့ အခြေအနေမှာ မရှိသေးပေမယ့် ထပ်ဝယ်ယူပြီး သုံးသင့်သုံးထိုက်တဲ့ သူတွေကို သုံးသွားမယ်လို့  ပြောဆိုခဲ့ပါတယ်။ 

နောက်ထပ်ကုသနည်းတခုတခုဖြစ်တဲ့ သွေးရည်ကြည်ကုထုံးနဲ့ ကုသရာမှာလည်း ရောဂါပျောက်ကင်းမှုတွေ ရှိနေတဲ့အတွက် ရောဂါပျောက်ကင်းပြီးသား လူတွေအနေနဲ့လည်း သွေးရည်ကြည် ပြန်လည်လှူဒါန်းကြဖို့ကိုလည်း  တိုက်တွန်းသွားပါတယ်။  

မြန်မာနိုင်ငံမှာ စက်တင်ဘာ ၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း  ၂၃,၉၀၆ ယောက်၊ သေဆုံးသူ ၅၆၆   ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆၇၃၈  ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013