DVB Logo
Home
မြန်မာသတင်း
ဧရာ၀တီတိုင်းတွင် မဲရုံလုံခြုံရေးအတွက် အထူးရဲ ၅,၀၀၀ ကျော်ကို သင်တန်းပေး
DVB
·
October 10, 2020
ဧရာ၀တီတိုင်းတွင် မဲရုံလုံခြုံရေးအတွက် အထူးရဲ ၅,၀၀၀ ကျော်ကို သင်တန်းပေး
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလ မဲရုံတွေ လုံခြုံရေးအတွက် အထူးရဲတပ်ဖွဲ့၀င် ၅,၀၀၀ ကျော်ကို သက်ဆိုင်ရာ ခရိုင်တွေအလိုက် သင်တန်းပို့ချတာတွေ ပြုလုပ်ပေးနေတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

ရွေးကောက်ပွဲပြုလုပ်နေချိန်မှာ မဲပေးသူတွေ စိတ်ချမ်းသာစွာ အနှောင့်အယှက်ကင်းကင်း မဲပေးနိုင်ဖို့ မဲရုံ ၁ ရုံကို အထူးရဲ ၁ ဦးစီ ချထားပေးသွားဖို့အတွက် အထူးရဲ ၅၇၄၈ ဦးကို အောက်တိုဘာလ ပထမပတ်မှစတင်ကာ သင်တန်းပို့ချပေးနေပြီးဖြစ်တယ်လို့ ဒုရဲမှူးကြီး ထွန်းရွှေက DVB ကို ပြောပါတယ်။

“မဲရုံ ၁ ရုံကို ၁ ဦးနှုန်း ထားပေးသွားမှာပါ၊ ရပ်ရွာက စိတ်ချယုံကြည်ရတဲ့သူတွေ ပါတီ၀င် မဟုတ်တဲ့သူတွေကို ခန့်ထားပြီး ကျန်းမာရေး၀န်ကြီးဌာနရဲ့ စည်းကမ်းချက်တွေနဲ့အညီ  သင်တန်းပို့ချပေးနေပါပြီ။”

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲရုံလုံခြုံရေး တာ၀န်ဆောင်ရွက်ဖို့အတွက် ပုသိမ်ခရိုင်မှာ ၁၂၇၁ ဦး၊ ဖျာပုံခရိုင်မှာ ၁၀၅၁ ဦး၊ မအူပင်မှာ ၉၃၆ ဦး၊ မြောင်းမြခရိုင်မှာ ၇၉၅ ဦး၊ လပွတ္တာခရိုင်မှာ ၅၈၅ ဦးနဲ့ ဟင်္သာတခရိုင်မှာ ၁၁၁၀ ဦးကို သင်တန်းပို့ချပေးနေတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲအတွက် မဲရုံလုံခြုံရေးရယူမယ့် အထူးရဲအဖြစ် ခန့်အပ်ခံရသူတွေကို ရဲတပ်သားအဆင့် လစာငွေ ၁၃၅၀၀၀ အပါ၀င် ယူနီဖောင်းအပြည့်အစုံ ထောက်ပံ့ပေးအပ်ပြီး ခန့်ထားတာလို့ ရဲတပ်ဖွဲ့ဆီက သိရပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲရုံတွေလုံခြုံရေးအတွက် မြန်မာတနိုင်ငံလုံးမှာ အထူးရဲတပ်ဖွဲ့၀င် ၄၀၀၀၀ ကျော်ကို ခန့်အပ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013