ကိုဗစ်-၁၉ လူနာ ၃၁ ဦး ထပ်မံသေဆုံး၊ လူနာသစ် ၁၄၆၁ ဦး ထပ်တိုးလာ
DVB
·
October 9, 2020

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁၄၆၁ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၃၁ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
အောက်တိုဘာ ၈ ရက် ည ၈ နာရီကနေ ၉ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၅,၃၀၁ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁၄၆၁ ယောက် တွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ စက်တင်ဘာ ၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၂၃,၉၀၆ ယောက် ၊ သေဆုံးသူ ၅၆၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆၇၃၈ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။