DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာ ၃၁ ဦး ထပ်မံသေဆုံး၊ လူနာသစ် ၁၄၆၁ ဦး ထပ်တိုးလာ 
DVB
·
October 9, 2020
ကိုဗစ်-၁၉ လူနာ ၃၁ ဦး ထပ်မံသေဆုံး၊ လူနာသစ် ၁၄၆၁ ဦး ထပ်တိုးလာ 
Donate to DVB

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁၄၆၁ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၃၁ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

အောက်တိုဘာ ၈ ရက် ည ၈ နာရီကနေ ၉ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၅,၃၀၁ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁၄၆၁ ယောက် တွေ့ရှိခဲ့တာပါ။

လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ စက်တင်ဘာ ၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း  ၂၃,၉၀၆ ယောက် ၊ သေဆုံးသူ ၅၆၆   ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆၇၃၈ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013