Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာရွေ့ပြောင်းလုပ်သား ၄၅၀ ကျော် ဘတ်ငွေ ၆ သန်းကျော်အလိမ်ခံရ 
နန်းမြနဒီ
·
October 9, 2020
121148788_2737460259842749_2524503897731677713_n
120938756_2757839707876286_8378587425993669696_n
120928141_339717027291192_8756990534209825638_n
ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဆမွတ်ပရကန်ခရိုင်ရှိ ထိုင်းကုမ္ပဏီတစ်ခုက ရွှေ့ပြောင်း မြန်မာအလုပ်သမာတွေကို ပတ်စ်စပို့၊ အလုပ်သမားကတ် စတဲ့နေထိုင်ခွင့်သက်တမ်း တိုးပေးမယ်ဆိုပြီး  ငွေတွေယူကာ ကုမ္ပဏီပိတ်ပြီး တိမ်းရှောင်သွားခဲ့ပါတယ်။ ငွေလိမ်ခံရသူတွေအထဲမှာ  ဒေသပေါင်းစုံကလာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားပေါင်း ၄၅၀ ကျော်ပါဝင်ပြီး တစ်ဦးလျှင် ဘတ်ငွေ  ၁၇၅၀၀ စီလောက်ပေးသွင်းထားကြပြီး ဆုံးရှုံးငွေပေါင်း  ဘတ်ငွေ သိန်း ၆၀ ကျော်ရှိနိုင်ကာ သူတို့ဆုံးရှုံးငွေတွေ ပြန်ရရေး မနေ့က လာရောက်တိုင်တန်းထားတယ်လို့ မြန်မာ အလုပ်သမားကူညီ စောင့်ရှောက်ရေးအဖွဲ့(အေအေစီ) ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ “ဒီနှစ် မတ်လ ၃၁ ရက်က နေထိုင်ခွင့်သက်တမ်းကုန်ဆုံးတဲ့ အလုပ်သမားတွေကို အလုပ်သမားကတ်ရယ်၊ ပတ်စပို့နေထိုင်ခွင့်ရယ်သက်တမ်းတိုးပေးမယ်ဆိုပြီး ကေပီအက်စ်လို့ခေါ်တဲ့ ကုမ္ပဏီက ငွေတွေယူထားတာ၊ အလုပ်သမား ၄၅၀ ကျော်အတွက် ဘတ်သိန်းပေါင်း ၆၀ ကျော်တယ်။  အလုပ်သမားတွေက ဒီနှစ် ၂ လ ပိုင်းကနေစသွင်းထားတာ ၁၀ လပိုင်းထိ ၈ လကြာ စောင့်တဲ့ထိ လုပ်မပေးဘဲ ရုံးခန်းပါပိတ်သွားတယ်။ အလုပ်သမားတွေက ကျန်းမာရေးဆေးစစ်တာ တွေ တော့ပြီးသွားပြီ ၊ ဒါပေမဲ့ လုပ်ငန်းစဉ်တွေပြီးအောင်လုပ်မပေးဘူး။ အရေးကြီးတဲ့ စာရွက်စာ တမ်းအထောက်အထားတွေမရဘူး။ အဲဒါကြောင့် မနေ့က ကျနော်တို့အဖွဲ့ဆီလာတိုင်တယ်။ ကျနော်တို့ကလည်း မြန်မာအလုပ်သမားသံအရာရှိတွေဆီ အရင်ဆုံးကြိုးစားဆက်သွယ်ပေးပါတယ်။ ဒါပေမဲ့ သံအရာရှိတွေကဖုံးမကိုင်တော့ ဆမွတ်ပရကန်ရဲစခန်းမှာဘဲ အမှုဖွင့်ပေးခဲ့တယ်။ ရဲတပ်ဖွဲ့ကလည်း ချက်ချင်းဘဲ  ကုမ္ပဏီပိုင်ရှင်ကို စုံစမ်းပြီး ဒီကနေ့မနက်မှာ သွားဖမ်းလိုက်ပါပီ” အဆိုပါကုမ္ပဏီပိုင်ရှင်မှာ အသက် ၄၅ နှစ်ရွယ်ရှိ ထိုင်းအမျိုးသမီးဖြစ်ပြီး ဆမွတ်ပရကန်မြို့ ထေဖာရတ်လမ်းရှိ နေအိမ်တစ်အိမ်မှာ ထိုင်းနိုင်ငံ အဂတိတိုက်ဖျက်ရေးတပ်ဖွဲ့ ၊ နယ်မြေခံရဲတပ်ဖွဲ့တို့က သွားရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။  ကုမ္ပဏီပိုင်ရှင် ထိုင်းအမျိုးသမီးဟာအဖမ်းခံရပေမယ့် အာမခံနဲ့ ပြန်လွတ်လာနိုင်တာ ၊ တရား ဥပဒေအရ ထောင်ဒဏ်ငွေဒဏ်တွေ အပြစ်ပေးခံရပေမယ့်  ဆုံးရှုံးထားတဲ့ငွေအလျော်ပြန်မရမှာကို အလုပ်သမားတွေက စိုးရိမ်ပူပန်နေကြသလို လတ်တလော အထောက်အထားမရှိလို့ အလုပ်လုပ်ရင် ထိုင်းရဲရဲ့ အဖမ်းခံရမှာကိုလည်း ကြောက်နေကြတယ်လို့  ဦးခိုင်ကြီးက ပြောပါတယ်။  ထိုင်းနိုင်ငံမှာ အလုပ်သမားတွေက လုပ်အားခ အလိမ်ခံရလို့ အလုပ်ရှင်က မလျော်နိုင်ဘဲ ထောင်ကျခံလိုက်ရင် အလုပ်သမားငွေကြေးရံပုံငွေဌာနက ထိုက်သင့်တဲ့လုပ်အားခတွေ ပြန်ထုတ်ပေးတာ ရှိပေမဲ့ လိမ်လည်မှုမှာတော့ လိမ်သွားသူကသာ ပြန်လျော်ရမှာဖြစ်ပါတယ်။  ဓာတ်ပုံ- AAC
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024