
ရန်ကုန် သာကေတမြို့နယ်ရှိ Fortune plaza မှာ အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်းက စတင်ပြီး ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာတွေကို စတင်လက်ခံထားရှိနေပါတယ်။
Fortune plaza ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့အစီအစဉ်နဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ အရေအတွက် ၁၀၀၀ အထိထားရှိနိုင်အောင် ပြင်ဆင်လုပ်ဆောင်နေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ လူနာတွေသက်သောင့်သက်သာဖြစ်အောင် အတည်ပြုလူနာ အယောက် ၅၀၀ အထိ လက်ခံထားရှိသွားမှာပါ။
Fortune plaza ကို Happy Covid Center အဖြစ် ပုံဖော်ထားပြီး လူနာတွေစိတ်ပျော်ရွှင်အောင် အားကစားပစ္စည်းတွေ၊ နားနေစာဖတ်ခန်းတွေ၊ ကော်ဖီနဲ့ မုန့် စားသောက်ဖို့ နေရာတွေနဲ့ စိမ်းလန်းတဲ့သစ်ပင်နောက်ခံမှာ အမှတ်တရ ဓာတ်ပုံ ရိုက်လို့ရအောင် ပြင်ဆင်ထားတယ်လို့ We Love Yangon အဖွဲ့ရဲ့ Fortune plaza Covid Center တာဝန်ခံက ပြောပါတယ်။
Photo Credit- Myanmar Expo- Fortune plaza










