DVB Logo
Home
မြန်မာသတင်း
Music Zone KTV ဆိုင်ပိုင်ရှင်နှင့်  မန်နေဂျာတို့ကို  ချုပ်ရက် ရမန်ယူ
DVB
·
October 6, 2020
Music Zone KTV ဆိုင်ပိုင်ရှင်နှင့်  မန်နေဂျာတို့ကို  ချုပ်ရက် ရမန်ယူ
Donate to DVB

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ တရားစွဲခံထားရတဲ့ Music Zone KTV ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာတို့ကို အောက်တိုဘာ ၅ ရက် မနက်ပိုင်းက ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

Music Zone KTV ဆိုင်ပိုင်ရှင် ဦးဇော်မင်းနဲ့ ဆိုင်မန်နေဂျာဦးမိုးဇော်တို့ကို သင်္ဃန်းကျွန်းမြို့နယ်  ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးက တရားလိုပြုလုပ် တရားစွဲဆိုထားဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး   ရုံးချိန်းကိုတော့  အောက်တိုဘာ ၁၆ ရက်နေ့  ပြန်လည်ချိန်းဆိုထားတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က ပြောပါတယ်။

Music Zone KTV နဲ့စပ်ဆက်ပြီး ပြည်တွင်းမှာ လူပေါင်း ၉၀ ကျော်လောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတာဖြစ်ပြီး  စားသောက်ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာတို့ဟာ  အောက်တိုဘာ ၃ ရက်က သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တာပါ။

သတင်း- ချမ်းမြေ့မောင်

ဓာတ်ပုံ- Music Zone

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013