DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာခရိုင်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ 
DVB
·
October 5, 2020
မိတ္ထီလာခရိုင်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ 
1 / 2
Donate to DVB

မန္တလေးတိုင်း မိတ္ထီလာခရိုင်အဝင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး သီးကုန်းဂိတ်နဲ့ တောင်ကြီး-မိတ္ထီလာလမ်း ကျွဲတပ်ဆုံဂိတ်တွေမှာ အောက်တိုဘာ ၄ ရက်က ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ Rapid Test Kit နဲ့ စစ်ဆေးရာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၂ ဦး ရောဂါပိုးတွေ့တယ်လို့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။

မိတ္ထီလာခရိုင်မှာ ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေကို ကိုဗစ်၁-၉ ရောဂါပိုး ရှိ၊ မရှိ Rapid Test Kit နဲ့ ပထမဆုံးအကြိမ် အခမဲ့ စစ်ဆေးပေးနေတလို့ ဆိုပါတယ်။

အမြန်လမ်းမကြီးမီးသတ်ဦးစီမှူး ဦးရဲလင်းကျော်က “ကုန်တင်ကားတွေ၊ အိပ်စပရက်ခရီးသည်တင်ကားတွေ၊ အန်စာတုံးကားတွေက ယာဉ်မောင်းတွေ ယာဉ်နောက်လိုက်တွေကို ကိုဗစ်-၁၉ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က အမြန်လမ်းကြက်ခြေနီရုံးထဲမှာ စစ်ဆေးပေးတယ်။ ပထမတသုတ် ၃၀ ဦး စစ်တဲ့ထဲက အမှတ်စဉ် ၁၄ မှာပဲ ယာဉ်မောင်း ၁ ဦးကိုစစ်တာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရတယ်။ မိတ္ထီလာဆေးရုံကို မျိုးဆက်သစ်မြတ်ပါရမီလူမှူကယ်ဆယ်ရေးအသင်းကားနဲ့ ပို့လိုက်တယ်” လို့ ပြောပါတယ်။

သာစည်မြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ဝင် ၁ ဦးက “၁၂ ဘီးကုန်တင်ကား ယာဉ်နောက်လိုက် ၁ ဦးမှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့တယ်။ ကော်မတီကကားနဲ့ပဲ သာစည်ဆေးရုံကို ပို့ပေးတယ်” လို့ ပြောပါတယ်။

ရန်ကုန်ကနေ မန္တလေးကိုလာတဲ့ မန္တလေးမြို့နေသူ အသက် ၄၂ နှစ်အရွယ် အန်စာတုံးကား ယာဉ်မောင်း ၁ ဦးနဲ့ အောင်ပန်းက ကုန်တင်လာပြီး ရန်ကုန်ကိုလာတဲ့ တောင်ကြီးမြို့ အေးသာယာရပ်နေ အသက် ၂၃ နှစ်အရွယ် ၁၂ ဘီးကား ယာဉ်နောက်လိုက် ၁ ဦးမှာ ကိုဗစ်-၁၉  ရောဂါပိုးတွေ့ရှိခဲ့တာပါ။

ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေမှာ ကိုဗစ်-၁၉ စစ်ဆေးချက် ၁၄ ရက်သက်တမ်းရှိတဲ့ ကျန်းမာရေးစစ်ဆေးချက်ပါမှသာ ဂိတ်တွေကို ဖြတ်သန်းသွားလာခွင့် ရှိတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ-အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013