DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၅ သန်းကျော်ရှိလာ
DVB
·
October 5, 2020
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၅ သန်းကျော်ရှိလာ
Donate to DVB

တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ လက်ရှိအချိန်ထိ  ၃၅ သန်းကျော်ရှိလာခဲ့ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၁ သန်း ကျော်ရှိပြီလို့  Worldometers ဝက်ဆိုက်မှာ ဖော်ပြပါတယ်။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၇ ဒသမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၂၁၄,၅၄၂ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၆ ဒသမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၁၀၂,၇၁၄ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၄ ဒသမ ၉ သန်းကျော်နဲ့ သေဆုံးသူ ၁၄၆,၃၅၂ ယောက်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ ရှိနေတာပါ။

လတ်တလောမှာတော့ အဲဒီနိုင်ငံ ၃ နိုင်ငံပေါင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူဦးရေဟာ ကမ္ဘာတဝန်း ရောဂါကူးစက်ခံရသူစုစုပေါင်းဦးရေရဲ့ ထက်ဝက်ကျော်လောက် ရှိနေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှားနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ ဒသမ ၂ သန်းကျော်၊ သေဆုံးသူ ၂၁,၃၅၈ ယောက်နဲ့ ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ ကပ်ရောဂါအသွင် ပျံ့နှံ့ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိပ်ပ်ချ်အို)က ဒါကို နိုင်ငံတကာ အရေးပေါ် ကျန်းမာရေး ကိစ္စအနေနဲ့  မတ်လ ၁၁ ရက်က ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်ကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ပ်ချ်အို) ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် မရခင်မှာ ရောဂါထိန်းချုပ်ရေးကို ညီညီညွတ်ညွတ် မလုပ်ဆောင်ပါက ရောဂါကြောင့် သေဆုံးသူအရေအတွက် ၂ သန်းအထိ ရှိလာနိုင်တယ်လို့ ထပ်မံပြီး သတိပေးလိုက်ပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၄၅၀ ယောက်၊  စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၄၅ နေရာထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယနိုင်ငံပြီးရင် အီရန်၊ အီရတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ကူးစက်ခံရသူ ဦးရေ ၄၇၁,၇၇၂ ယောက်၊ ၃၇၉,၁၄၁ ယောက်၊ ၃၆၈,၆၉၀ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၃၂၂,၄၉၇ ယောက်နဲ့ သေဆုံးသူ ၅,၇၇၆ ယောက်၊ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ  ၃၀၃,၄၉၈ ယောက်၊ သေဆုံးသူ ၁၁,၁၅၁ ယောက်နဲ့ ထိပ်ဆုံး မှာ ရှိနေခဲ့ပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၇,၈၁၂ ယောက်နဲ့ ကူးစက်မှုမြင့်တက်နေပေမယ့် သေဆုံးသူအရေအတွက်ကတော့ တိုးမလာဘဲ ၂၇ ယောက် မှာတင် ရပ်တန့်နေခဲ့ပါတယ်။

လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ ကိုဗစ်-၁၉ ရော ဂါကူးစက်ခံရသူဦးရေ ၁၇၇၉၄ ယောက်၊ သေဆုံးသူ ၄၁၂ ယောက်နဲ့ အာဆီယံနိုင်ငံ တွေထဲမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေခဲ့ပြီ ဖြစ်ပါ တယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၁၂,၃၈၁ ယောက်နဲ့ သေဆုံးသူ  ၁၃၇ ယောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၃,၅၈၅ ယောက်နဲ့ သေဆုံးသူ  ၅၉ ယောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၀၉၆ ယောက်နဲ့ သေဆုံးသူ ၃၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၄၆ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၇၈ ယောက်နဲ့ ၂၃ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်က တကျော့ပြန်ကူးစက်မှုတွေ ရှိလာခဲ့အပြီးမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013