DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၉၇၅ ဦးတွင် ရန်ကုန်က ၇၁၁ ဦးဖြင့် အများဆုံးတွေ့ရှိ
DVB
·
October 4, 2020
ကိုဗစ်-၁၉ လူနာသစ် ၉၇၅ ဦးတွင် ရန်ကုန်က ၇၁၁ ဦးဖြင့် အများဆုံးတွေ့ရှိ
Donate to DVB

မနေ့က စစ်ဆေးအတည်ပြုခဲ့တဲ့ ကိုဗစ်-၁၉ လူနာ ၉၇၅ ယောက်ထဲမှာ  အနံ့မရသူ ၁၀၅ ယောက်ပါဝင်ပြီး ရန်ကုန်တိုင်းက ၇၁၁ ယောက်နဲ့ အများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

လမ်းမတော်မြို့နယ်က ၇၄ ယောက်တွေ့ရလို့ အများဆုံးဖြစ်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်းက ၆၅ ယောက်ဖြစ်ပါတယ်။

တာမွေက ၄၄ ယောက်၊ တောင်ဥက္ကလာပက ၄၁ ယောက်၊ သာကေတက အယောက် ၄၀ နဲ့ ပန်းပဲတန်း၊ သင်္ဃန်းကျွန်းမြို့နယ်တို့က ၃၆ ယောက်စီ ပါဝင်ပါတယ်။

ရန်ကုန်တိုင်းထဲ ၃၉ မြို့နယ်က လူနာတွေပါဝင်ပြီး မန္တလေးတိုင်း ၁၄ မြို့နယ်က လူနာ ၅၇ ယောက်ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်က ၁၁၅ ယောက်၊ ပဲခူးတိုင်းက ၅၄ ယောက်၊ ဧရာဝတီတိုင်းက ၂ ယောက်၊ မွန်ပြည်နယ်နဲ့ မကွေးတိုင်းနဲ့ နေပြည်တော်တို့က ၉ ယောက်စီ၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီတိုင်းက ၄ ယောက်စီ၊ ကရင်ပြည်နယ်က ၁ ယောက်ဖြစ်ပါတယ်။

ပဲခူးတိုင်း ရွှေကျင်၊ ပေါက်ခေါင်းနဲ့ ကျောက်တံခါးက လူနာတွေ၊ တနင်္သာရီတိုင်း မြိတ်၊ မကွေးတိုင်း အောင်လံက လူနာတွေဟာ ရန်ကုန်မှာ ဆေးကုနေသူတွေ ဖြစ်ပါတယ်။

မကွေးတိုင်း တောင်တွင်းကြီးကလူနာကတော့ နိုင်ငံခြားသွားဖို့ ဆေးစစ်ရာမှာ တွေ့တာလို့ ဆိုပါတယ်။

ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို စစ်ဆေးရာကနေလည်း အတည်ပြုလူတာတွေ တွေ့ခဲ့ရပါတယ်။

မနေ့က ထုတ်ပြန်ချက်ထဲမှာ အတည်ပြုတွေ့တဲ့ ၉၇၅ ယောက်ထဲမှာ အနံ့ပျောက်သူ ၁၀၅ ယောက် ပါတယ်လို့လည်း ဆိုပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013