Home
သတင်းဓာတ်ပုံ
ကိုဗစ်-၁၉ လူနာများထားရှိရန် အင်းယားလိတ်ကိုဗစ်စင်တာ ပြင်ဆင်နေမှု မြင်ကွင်း(ဓာတ်ပုံ)
DVB
·
October 4, 2020
DSC07780
DSC07777
DSC07773
DSC07771
DSC07769
DSC07766
DSC07759
DSC07755
DSC07738
DSC07718
DSC07716
DSC07714
ကိုဗစ်-၁၉ လူနာများ ထားရှိဖို့ ခုတင် ၅၅၀ ဆံ့ အင်းယားလိတ်ကိုဗစ်စင်တာကို Yangon Convention Center (YCC) မှာ ၇ ရက်အတွင်း အကောင်အထည်ဖော်တည်ဆောက်နေတယ်လို့ သိရပါတယ်။ ဧရိယာ ၉၀၀၀ စတုရန်းမီတာအကျယ်အဝန်းရှိတဲ့ ခန်းမအား ကိုဗစ်စင်တာအဖြစ် အသုံးပြုဖို့ High-Dependency Unit (HDU) တွေကို ထည့်သွင်းတည်ဆောက်ထားပြီး နောက်ပိုင်း အခြေအနေပေါ်မူတည်ပြီး ထပ်မံတိုးမြှင့်သွားဖို့ရှိတယ်လို့ သိရပါတယ်။ လူနာတွေ စိတ်သက်သာရာရစေဖို့ ၂၄ နာရီ Food Court တွေ၊ Wifi တွေ၊ Sky Net စက်တွေ ထားရှိတပ်ဆင်ပေးထားသလို ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတသမားတွေအတွက် အဆောင်တွေ၊ ရေချိုးခန်း အိမ်သာတွေ သေချာပြင်ဆင်ထားပြီး အစားအသောက် ချက်ပြုတ်ကျွေးမွေးရေးအတွက်လည်း စနစ်တကျစီစဉ်ထားပါတယ်။ အင်းယားလိတ်ကိုဗစ်စင်တာကို ကမ္ဘောဇကုမ္ပဏီလီမိတက်က သိန်း ၇၀၀၀ ကျပ်၊ ရွှေသံလွင်ကုမ္ပဏီလီမိတက်က သိန်း ၃၀၀၀ ကျပ်၊ စုစုပေါင်း ကနဦးမတည်အလှူငွေ သိန်း ၁၀၀၀၀ ကျပ်နဲ့ ပြင်ဆင်နေတာပါ။ Photo - Ye Myo Khant/MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024