
ရှုံးပွဲဆက်ပြီး ရလဒ်တွေဆိုးဝါးနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ မိုက်ကယ်ကာရစ် နေရာမှာ အစားထိုးဖို့ ဆွေးနွေးမှုတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်နေပေမဲ့ သူ့အနေနဲ့ ဘယ်အသင်းနဲ့မှ အဆင့်မြင့် ဆွေးနွေးမှုမျိုး မရှိသေးဘူးလို့ နည်းပြ အန်တိုနီယို ကွန်တီက ငြင်းဆိုလိုက်ပါတယ်။
အီတလီ သတင်းစာတစောင်ရဲ့ ဖော်ပြချက်မှာ ကွန်တီဟာ မန်ယူအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး အပြောင်းအရွှေ့ကိစ္စတွေကို အပြည့်အဝ ထိန်းချုပ်ခွင့် တောင်းဆိုခဲ့တယ်လို့ ပါရှိပေမဲ့ အဲဒီသတင်း က မမှတ်ဘူးလို့ ကွန်တီက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ မန်ယူနိုက်တက်အသင်းအနေနဲ့ နည်းပြကာရစ်ရဲ့ နေရာကို အစားထိုးဖို့ ကွန်တီ အပါအဝင် တခြားနည်းပြတွေကို စိစစ် လေ့လာနေတယ်လို့ သိရပါတယ်။
မိုက်ကယ်ကာရစ်ရဲ့ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်မှာ ကိုမိုအသင်းကို ၄-၁ ဂိုးနဲ့ ရှုးနိမ့်ခဲ့ပြီးနောက် နည်းပြသစ်ရှာဖွေရေး သတင်းတွေ ထွက်ပေါ်လာတာပါ။
ယူနိုက်တက်ဟာ ကာရစ်ရဲ့နေရာမှာ အစားထိုးဖို့ အက်ဒီဟောင်းနဲ့ နာဂစ်စမန်းတိုကိုလည်း စောင့်ကြည့်နေတာပါ။
ဘရိုက်တန်နည်းပြ ဟာဇလာကတော့ ယူနိုက်တက်နဲ့ သတင်းထွက်နေမှုကို ငြင်းဆိုထားပြီး လက်ရှိအသင်းမှာပဲ အာရုံစိုက်နေကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။
Photo:Reuters











