Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၁၀၆၄ ဦး စံချိန်တင်တွေ့ရှိ
DVB
·
October 3, 2020
120570237_3837349029627707_8325934960300119562_o
အောက်တိုဘာ ၂ ရက်နေ့ ကိုဗစ်-၁၉ လူနာသစ် ၁၁၄၂ ဦးထဲမှာ ရန်ကုန်တိုင်းက ၁၀၆၄ ဦးနဲ့ စံချိန်တင် တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ညနေ ၅ နာရီ ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းထဲ ပိုးတွေ့လူနာတွေထဲမှာ လှိုင်သာယာက ၁၃၆ ဦး၊ သင်္ဃန်းကျွန်းက ၁၀၆ ဦးနဲ့ အများဆုံး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ မရမ်းကုန်းက ၅၇ ဦး၊ မြောက်ဥက္ကလာက ၅၆ ဦး၊ အင်းစိန် ၅၅ ဦး၊ ရွှေပြည်သာ ၅၃ ဦး၊ တာမွေ ၄၄ ဦး၊ တောင်ဥက္ကလာနဲ့ ပန်းပဲတန်းက ၄၃ ဦးစီ၊ လသာက ၄၁ ဦး စတဲ့မြို့နယ်တွေမှာ အများဆုံးတွေ့ရှိခဲ့တာပါ။ ရန်ကုန်တိုင်းထဲ ၄၁ မြို့နယ်က လူနာတွေပါဝင်ပြီး မန္တလေးတိုင်း ၈ မြို့နယ်က လူနာ ၂၂ ဦး ပါဝင်ပါတယ်။ ကချင်ပြည်နယ်က ၁ ဦး၊ ရခိုင်ပြည်နယ်က ၉ ဦး၊ ပဲခူးတိုင်းက ၅ ဦး၊ ဧရာဝတီတိုင်းက ၂၅ ဦး၊ မွန်ပြည်နယ်က ၆ ဦး၊ နေပြည်တော်က ၅ ဦး၊ ကရင်ပြည်နယ်က ၁ ဦး၊ မကွေးတိုင်းက ၂ ဦး၊ ရှမ်းပြည်နယ် တောင်ပိုင်းက ၄ ဦးနဲ့ စစ်ကိုင်းတိုင်းက ၁၆ ဦး ဖြစ်ပါတယ်။ ရန်ကုန်တိုင်း လှိုင်က ၁ ဦးနဲ့ ကမာရွတ်မြို့နယ်က ၃ ဦးတို့ဟာ ပြည်ပခရီးသွားရာဇဝင်ရှိလို့ အသွားအလာကန့်သတ်ထားသူတွေဖြစ်ပြီး ရှမ်းပြည်နယ် တောင်ကြီး၊ မကွေးတိုင်း ပခုက္ကူ၊ ပဲခူးတိုင်း ပဲခူး၊ မန္တလေးတိုင်း သာစည်၊ ရန်ကုန် ဒဂုံမြို့သစ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းက လူနာတွေကတော့ ကုန်တင်ယာဉ်မောင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကရင်ပြည်နယ် ကော့ကရိတ်၊ မကွေးတိုင်း ပွင့်ဖြူ၊ မွန်ပြည်နယ် ကျိုက်ထို၊ ဧရာဝတီတိုင်း မအူပင်၊ ပဲခူးတိုင်း ဝေါနဲ့ ရေတာရှည်က လူနာတွေဟာ ရန်ကုန်မှာ ဆေးကုနေသူတွေ ဖြစ်ပါတယ်။ မနေ့က ထုတ်ပြန်ချက်ထဲမှာ အတည်ပြုတွေ့တဲ့ ၁၁၄၂ ဦးထဲမှာ အနံ့ပျောက်သူ ၁၆၃ ဦး  ပါတယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024