DVB Logo
Home
မြန်မာသတင်း
သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများ ဦးဆောင်၍ ဗန်းမော်မြို့၌ စက်ဘီးစီးကမ်ပိန်း ပြုလုပ်
DVB
·
October 3, 2020
သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများ ဦးဆောင်၍ ဗန်းမော်မြို့၌ စက်ဘီးစီးကမ်ပိန်း ပြုလုပ်
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတွေ ဦးဆောင်ပြီး လူမှုရေးအဖွဲ့အစည်းတွေက လူ ၄၀ လောက် ပူးပေါင်းပါဝင်တဲ့ စက်ဘီးစီးကမ်ပိန်းကို အောက်တိုဘာ ၃ ရက် မနက် ၆ နာရီခွဲခန့်က ပြုလုပ်ခဲ့ကြပါတယ်။

ဂေါ်ရာကန်မှာ စုရပ်စတင်ပြီး ၅ မိုင် ကွန်ပျူတာတက္ကသိုလ်အထိ စီးနင်းခဲ့ကြပါတယ်။ အဲဒီကနေတဆင့် မြို့ထဲလမ်းတွေမှာ ပတ်စီးပြီး စက်ဘီးစီးကမ်ပိန်း ပြီးဆုံးခဲ့ကြပါတယ်။

အဲဒီကမ်ပိန်းကို ‘သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မူဝါဒသတ်သတ်မှတ်မှတ်ရှိပါက သင့်အား မဲပေးမည်’ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး မူဝါဒတွေ ချမှတ်ထားပေမယ့်လည်း ထိထိရောက်ရောက် လုပ်ဆောင်ပေးတာတွေက နည်းပါးနေပါသေးတယ်လို့ ကမ်ပိန်းကို ဦးဆောင်သူ မလုဂျာက ပြောပါတယ်။

“လူတွေကလည်း လိုက်နာမှုတွေ လိုအပ်နေသေးတာကို တွေ့ရတယ်။ အဲဒါကြောင့် အစ်မတို့အနေနဲ့ GAIA အဖွဲ့ကပေးတဲ့ သင်တန်းတချို့ကို တက်ရောက်ပြီး အခုလို ကမ်ပိန်းကို လူထုစိတ်ဝင်စားမှုရှိစေဖို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမှုတွေမှာ ပါဝင်ဆောင်ရွက်လာကြဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်။ ပြီးတော့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အခုလာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံကြမယ့် လွှတ်တော်ကိုယ်စားလှယ်များကို သတိပြုမိနိုင်စေဖို့နဲ့ ပြည်သူလူထုကလည်း သတိပြုစေချင်တယ်။”

စက်ဘီးစီးကမ်ပိန်းမှာ ပါဝင်ခဲ့သူ ဗန်းမော်တက္ကသိုလ်ကျောင်းသား မောင်အောင်သူရချိုကလည်း “လူငယ်တစ်ယောက်အနေနဲ့ အဖွဲ့အစည်းတွေအများကြီးနဲ့ သဘာဝပတ်ဝန်းကျင်အတွက် တထောင့်တနေရာက ပါဝင်ရတာ ပျော်ရွှင်ရပြီး ဂုဏ်ယူမိတယ်။ အခုလို စက်ဘီးစီးကမ်ပိန်း ပြုလုပ်တာကို လူတွေ မြင်မယ်၊ သက်ဆိုင်ရာဌာနဆိုင်ရာကတွေ မြင်တော့ သူတို့တောင် ဒီလိုလှုံ့ဆော်ပေးနေတာဆိုတဲ့ အတွေးလေးတွေ ဝင်ကြရင် အနည်းနဲ့ အများတော့ အကျိုးရှိမှာပါ” လို့ ပြောပါတယ်။

GAIA အဖွဲ့အစည်းဟာ မြန်မာနိင်ငံမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အဓိကထား လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အဲဒီကမ်ပိန်းကို ဗန်းမော်ရှိ ပရဟိတအဖွဲ့၊ လူမှုရေးအဖွဲ့အစည်းများ ဖြစ်တဲ့  စနေကွက်လပ်ဖြည့်၊ ဗန်းမော်လူငယ်ကွန်ရက်၊ ဗန်းမော်ခရိုင် လူငယ်ရေးရာကော်မတီ၊ လမ်းပြကြယ် lgbt၊ အားမာန်သစ်ပရဟိတ၊ ဗန်းမော်ရှိ လူငယ်တွေ ပါဝင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013