
အောက်တိုဘာ ၁ ရက် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၀၁၀ စာရင်းမှာ ရန်ကုန်တိုင်းက ၈၆၀ နဲ့ အများဆုံးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ညနေ ၆ နာရီ ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းထဲ ကိုဗစ်-၁၉ လူနာ အများဆုံးတွေ့ရှိခဲ့တဲ့ မြို့နယ်တွေကတော့ မြောက်ဥက္ကလာက ၁၂၃ ဦး၊ ကြည့်မြင်တိုင်က ၁၁၁ ဦး၊ သန်လျင်က ၆၇ ဦး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) က ၅၄ ဦး၊ မင်္ဂလာဒုံက ၄၇ ဦး၊ သာကေတနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့က ၄၄ ဦးစီ တွေ့ရှိခဲ့ပါတယ်။
ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေထဲမှာတော့ မန္တလေးတိုင်းက ကိုဗစ်-၁၉ လူနာ အများဆုံးတွေ့ရှိခဲ့ပြီး ၄၆ ဦး၊ မကွေးတိုင်းက ၁ ဦး၊ ရခိုင်ပြည်နယ်က ၁၃ ဦး၊ ပဲခူးတိုင်းက ၈ ဦး၊ ဧရာဝတီတိုင်းက ၃၆ ဦး၊ မွန်ပြည်နယ်က ၁၆ ဦး၊ တနင်္သာရီတိုင်းက ၅ ဦး၊ ကရင်ပြည်နယ်က ၄ ဦး၊ နေပြည်တော်က ၅ ဦး၊ ချင်းပြည်နယ်က ၁ ဦးနဲ့ စစ်ကိုင်းတိုင်းက ၁၅ ဦး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ညနေ ၆ နာရီ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၄,၃၈၃ ယောက်၊ သေဆုံးသူ ၃၂၁ ယောက်နဲ့ ဆေးရုံကဆင်းခွင့်ပြုခဲ့သူပေါင်း ၄,၁၅၆ ယောက် ရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။










