DVB Logo
Home
မြန်မာသတင်း
ဆယ်နှစ်ပြည့် ဝဿန်အွန်လိုင်းရုပ်ရှင်ပွဲတော် အောက်တိုဘာ ၁၀ ရက်စတင်ကျင်းပမည်
DVB
·
October 2, 2020
ဆယ်နှစ်ပြည့် ဝဿန်အွန်လိုင်းရုပ်ရှင်ပွဲတော် အောက်တိုဘာ ၁၀ ရက်စတင်ကျင်းပမည်
Donate to DVB

နှစ်စဉ်ကျင်းပနေကျ ဝဿန်ရုပ်ရှင်ပွဲတော်ကို လာမယ့် အောက်တိုဘာ ၁၀ ရက်ကနေ ၁၈ ရက်နေ့ထိ အွန်လိုင်းရုပ်ရှင်ပွဲတော်အနေနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ပွဲတော်ကို ကျင်းပလာခဲ့တာ ၁၀ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကာ အခုနှစ်မှာတော့ လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် အွန်လိုင်းကသာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ရုပ်ရှင်ပွဲတော်မှာ အထူးပြသမှုအနေနဲ့ ဇာတ်လမ်းတို ၅ ခုနဲ့ ဖွဲ့စည်းထားတဲ့ MEKONG 2030 ဇာတ်ကားကို ပြသသွားမှာဖြစ်ပြီး ဒီကားထဲမှာ မဲခေါင်မြစ်ရဲ့ အနာဂတ်ကို မတူညီကြတဲ့ ယဉ်ကျေးမှုတွေပေါ် အခြေခံတဲ့ အမြင်တွေနဲ့ ရိုက်ကူးပုံဖော်ထားတာကို ရှုစားကြရမှာပါ။

လာမယ့် ၂၀၃၀ ပြည့်နှစ်ကို ဇာတ်အိမ်တည်ထားပြီး  အသက်သွေး ကြောတခုဖြစ်တဲ့ မဲခေါင်မြစ်ကို ကာကွယ်လိုစိတ်တွေ ပေါ်ပေါက်လာအောင် ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

အခုနှစ် ဝဿန်ရုပ်ရှင်ပွဲတော်မှာ ဒိုင်တွေအနေနဲ့ Wathann Competition အတွက် ကဗျာဆရာ၊ စာရေးဆရာ မောင်ဒေး၊ Czech Republic နိုင်ငံမှ ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ FAMU မှ ရှပ်ရှင် ကျောင်း ဆရာဖြစ်သူ Vit Janecek၊ Japan နိုင်ငံ Image Forum Film Festival မှ Director ဖြစ်သူ Koyo Yamashita တို့က ပါဝင်ဆောင်ရွက်ပေးကြမှာဖြစ်ကာ Emerging Competition အတွက် ဒါရိုက်တာ ဏကြီး၊ ဒါရိုက်တာ ထူးပိုင်ဇော်ဦး၊ ထုတ်လုပ်သူ မခင်စန္ဒာမြင့်တို့က ပါဝင်သွားကြမှာ ဖြစ်ပါတယ်။

  ပွဲတော်မှာ ပြသဖို့ ရွေးချယ်ထားတဲ့ ဇာတ်ကားတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင် ဇာတ်ကားတွေတော့ အောက်တိုဘာ ၁ ရက်နေ့က စတင်ကာ တရားဝင်ဝက်ဘ်ဆိုက်ဒ် www.wffcinema.com မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ဇာတ်ကားတွေအနေနဲ့ Wathann Competition ကဏ္ဍအတွက် ပြိုင်ပွဲဝင် ဇာတ်ကား ၂၀ နဲ့ Emerging Competition ကဏ္ဍအတွက် ပြိုင်ပွဲဝင်ဇာတ်ကား ၈ ကားပါ ဝင်ကာ Best Short Film Award၊ Best Documentary Award၊ New Vision Award၊ Emerging Filmmaker Award တွေအပြင် ပရိသတ်တွေက ရွေးချယ်ပေးလို့ရတဲ့ Audience Award ဆုတွေကိုလည်း ကဏ္ဍနှစ်ခုလုံးမှာ ပါဝင်မယ်လို့ ဖော်ပြထားပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ ဝဿန်ရုပ်ရှင်ပွဲတော်ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ အချိန်နဲ့ တပြေးညီ အသိပေးသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013