DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် Edutainment Festival ကျင်းပမည်
DVB
·
January 12, 2020
မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် Edutainment Festival ကျင်းပမည်
1 / 4
Donate to DVB

မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ်အဖြစ် Edutainment Festival 2020 ပွဲတော်ကို လာမယ့် မတ်လ ၁ ရက်နေ့မှာ နိုင်ငံကျော် အနုပညာရှင်တွေ အတတ်ပညာရှင်‌တွေနဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။

Edutainment ဆိုတာဟာ Educational Entertainment ကနေ ဆင်းသက်လာတာ ဖြစ်ပြီး နိုင်ငံတကာမှာတော့ တွင်ကျယ်စွာ အသုံးပြုနေပြီဖြစ်တဲ့ နည်းပညာရပ်တခု ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် မိတ်ဆက်ကျင်းပမယ့် ပွဲတော်တခုဖြစ်မယ့်အပြင် ဒီပွဲကို လာတက်တဲ့ ကလေးတွေအနေနဲ့ စိတ်ဓာတ်တက်ကြွမှုတွေကို ရရှိမှာဖြစ်ပြီး နည်းလမ်းမှန်တဲ့ လမ်းကြောင်းကို ရောက်ရှိဖို့အတွက် အခွင့်အရေးတွေ ရရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဒီပွဲတော်ကိုတော့ မန္တလေးမြို့ Mandalay Convention Center မှာ ကျင်းပမယ်လို့ သိရပါတယ်။

Emotion Cost and Trainer ဖြစ်တဲ့ မဝေဝေဖြိုးမောင်က “Edutainment Festival ဆိုတာက Educational Entertainment ကနေ ဆင်းသက်လာတာပါ။ အနောက်နိုင်ငံမှာဆိုရင် ၁၉၅၄ ခုနှစ်လောက်ကတည်းက သူတို့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ နည်းပညာတခု ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ဒီဟာကို မြန်မာပြည်မှာ ပထမဦးဆုံး မိတ်ဆက်ပေးမယ့် အဖွဲ့ပေါ့နော်၊ ပွဲကိုတော့ လာမယ့် ၂၀၂၀ မတ်လ ၁ ရက်နေ့မှာ မန္တလေးက MCC ခန်းမမှာ ခမ်းခမ်းနားနား ကျင်းပသွားမှာပါ။ အနုပညာရှင်တွေ အများကြီးလည်း ပါတယ်။ အတတ်ပညာရှင်တွေ ကျနော်တို့ ထရိန်နာတွေလည်း ပါမယ့်ပွဲလေးပေါ့နော်၊ ဒီပွဲလေးက”လို့ ပြောပါတယ်။



အနုပညာရှင်တွေဖြစ်တဲ့ ဝေကြီး၊ J Fire၊ အိမ့်ချစ်၊ Project K၊ Bees Poison Dance Crew (Dancer အဖွဲ့) စတဲ့အနုပညာရှင်များစွာ ပါဝင်မှာဖြစ်ပြီး အနုပညာရှင်တွေရဲ့ ဘဝမှာ အောင်မြင်မှုကို ရရှိအောင် ကြိုးစားခဲ့ရပုံတွေ၊ စိတ်ဓာတ်တက်ကြွမှုတွေ ရရှိလာအောင် ဟောပြောတာတွေ ပါဝင်မယ်လို့ သိရပါတယ်။

ဒီပွဲတော်မှာ Trainer အဖြစ် တာဝန်ယူထားတဲ့ ကိုဉာဏ်လင်းအောင်က “နိုင်ငံတကာမှာ ဆိုတာတော့ Edutainment ဆိုတာတွေ ထဲထဲဝင်ဝင် တော်တော်များများ လုပ်လာတယ်ပေါ့နော်။ ကျနော်တို့လို ပွဲကြီးတွေ တချို့လုပ်တာတွေ ရှိတယ်၊ တချို့ကျလည်း ဥပမာ Film Festival လိုဟာမျိုး၊ နောက် ဒီရုပ်ရှင်ပွဲတော်လိုဟာမျိုးဆိုရင် ဇာတ်ကားလည်း ပြတယ်။ ဒီထဲမှာ ပါလာတဲ့ education လည်း ရစေတယ်ပေါ့နော်၊ အဲဒီတော့ နိုင်ငံတကာမှာတော့ တော်တော်လုပ်နေပြီ၊ မြန်မာပြည်မှာလည်း ခု တော်တော်လုပ်နေကြပါပြီ၊ ထားပါတော့၊ ဂိမ်းကစားရင်းနဲ့ ဂိမ်းထဲကနေ Lesson Learn လုပ်လိုက်တာမျိုးတွေ ရှိနေပြီပေါ့နော်၊ ဒါပေမဲ့ ဒီလိုမျိုးပွဲကြီးတွေကတော့ ပထမဆုံးဖြစ်တယ်ပေါ့နော်၊ နိုင်ငံတကာမှာလည်း တချို့တော့ ရှိနေပါပြီပေါ့နော်" လို့ ဆိုပါတယ်။

နိုင်ငံတော်မှ အကောင်အထည်ဖော်ရန် ကြိုးစားနေတဲ့ လက်တွေ့ကျတဲ့ ပညာရေးစနစ်ကို အထောက်အကူပြုနိုင်စေဖို့၊ Generation Gap မှာ ဖြစ်ပေါ်နေတဲ့ မိဘနဲ့ သားသမီးကြား အယူအဆ မတူညီမှုတွေကို ဖြေရှင်းနိုင်တဲ့နည်းလမ်းများ သိရှိစေဖို့၊ မြန်မာပြည်မှာရှိတဲ့ လူငယ်တိုင်း လိုအပ်တဲ့ ပညာရပ်တိုင်းကို ပေါ့ပါးလွတ်လပ်စွာ သင်ယူနိုင်တဲ့ နည်းလမ်းတွေ သိရှိစေဖို့၊ Sociatey 5.0 ခေတ်မှာ ကမ္ဘာ့လူငယ်‌တွေ လက်တွေ့ကျကျ လုပ်ကိုင်နေတဲ့ နည်းလမ်းတွေကို သိရှိစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ Edutainment Festival 2020 ကို ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီပွဲတော်အတွက် လက်မှတ်တွေကိုတော့ VVIP , VIP, Diamond, Gold စတဲ့ အဆင့်လေးဆင့် ခွဲခြားထားပြီး ငွေကျပ် ၄ သောင်းကနေ ၃ သိန်းအထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ 

ဒီပွဲကို Wholeness (EQ & Family Solutions) Co,.Ltd က ကြီးမှူး ကျင်းပမှာ ဖြစ်ပြီး ရန်ကုန်မြို့မှာလည်း ဆက်လက်ကျင်းပဖို့ စီစဉ်နေပြီး ဒီပွဲတော်ကို အသက် တစ်ဆယ့်နှစ်နှစ်ကနေအထက် အရွယ်တွေ တက်ရောက်လေ့လာနိုင်မယ်လို့ သိရပါတယ်။





ထိန်ထိန်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013