DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲအတွက် မိတ္ထီလာခရိုင်တွင် အထူးရဲ ၁၀၀၀ ကျော်ကို သင်တန်းပေး
DVB
·
October 2, 2020
၂၀၂၀ ရွေးကောက်ပွဲအတွက် မိတ္ထီလာခရိုင်တွင် အထူးရဲ ၁၀၀၀ ကျော်ကို သင်တန်းပေး
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူတွေ လုံခြုံအေးချမ်းသာယာစွာ မေးပေးနိုင်ဖို့ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်မှာ  အထူးရဲ ၁၀၀၀ ကျော်ကို  အောက်တိုဘာ ၁ ရက်ကစပြီး သင်တန်းပေးနေပါတယ်။

 မိတ္ထီလာမြို့နယ်က အထူးရဲ ၂၉၀ ဦး၊  မလှိုင်က အထူးရဲ ၂၁၀ ဦး၊  သာစည်က အထူးရဲ ၂၄၉ ဦးနဲ့ ဝမ်းတွင်းက အထူးရဲ ၃၁၈ ဦး စုစုပေါင်း ၁၀၆၇ ဦးကို သင်တန်းဖွင့်ပြီး စတင်သင်တန်းပေးနေတာ ဖြစ်ပါတယ်။

အထူးရဲသင်တန်းသားချမ်းငြိမ်းသူက "၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲလာပေးတဲ့အခါ စိတ်အေးချမ်းသာစွာမဲပေးနိုင်အောင်လို့ အထူးရဲဝင်လုပ်တာပါ။ မဲပေးတဲ့နေ့မှာ မဲဆန္ဒရှင်တွေ အငြင်းပွား တစ်စုံတစ်ရာ ဖြစ်ခဲ့ရင်တောင် အနီးကပ် စောင့်ရှောက်ကူညီပေးချင်လို့ အထူးရဲ သင်တန်းတက်တာပါ" လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြင့်ရွှေက "ကိုဗစ်ကာလဖြစ်လို့ ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်နဲ့ အညီ နေထိုင်ကြပါ။ မဲပေးတဲ့နေ့မှာ မဲရုံနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါ။ ပြည်သူကို ကူညီနိုင်တဲ့ အနေအထားမှာ အမြဲရှိနေအောင် ဒီသင်တန်းကနေ သင်ယူလေ့ကျင့်သွားပါ"လို့ ပြောပါတယ်။

 မဲရုံ ၁ ရုံမှာ အထူးရဲ ၁ ယောက်ထားရှိကာ သင်တန်းကာလ ၂၈ ရက်ကြာမြင့်မှာဖြစ်ပြီး သင်တန်းစတဲ့နေ့က စတင်ကာ အထူးရဲ ၁ ဦးကို ၁ လခွဲစာ လခနဲ့ ရိက္ခာ ငွေ ၃ သိန်းလောက်ရကြမှာ ဖြစ်ပါတယ်။

 သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013