DVB Logo
Home
နိုင်ငံတကာ
နိုင်ငံရေးသမားများအား လုပ်ကြံရန်လှုံ့ဆော်မှုဖြင့် အမျိုးသား ၁ ဦးကို ပိုလန်ရဲတပ်ဖွဲ့ ဖမ်းဆီး
DVB
·
August 21, 2026
Photo: POLISH CENTRAL BUREAU FOR COMBATING CYBERCRIME
Photo: POLISH CENTRAL BUREAU FOR COMBATING CYBERCRIME
Donate to DVB

ပိုလန်ရဲတပ်ဖွဲ့ဟာ ထိပ်တန်းပိုလန်နိုင်ငံရေးသမားတွေကို လုပ်ကြံသတ်ဖြတ်ဖို့ လှုံ့ဆော်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသားတယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဆိုက်ဘာ ပြစ်မှုနှိမ်နင်းရေး ဗဟိုဗျူရိုက ဩဂုတ် ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အွန်လိုင်းပေါ်က သေနတ်ဝါသနာအိုးများအဖွဲ့ထဲမှာ ထိပ်တန်းပိုလန်နိုင်ငံရေးသမားတွေကို "ရှင်းလင်းပစ်ဖို့" နဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ စီစဉ်ဖို့ လှုံ့ဆော်ထားတဲ့ ပို့စ်တခုကို ရဲတပ်ဖွဲ့က စုံစမ်းတွေ့ရှိခဲ့တာပါ။ ဒါပေမဲ့ ဘယ်နိုင်ငံရေးသမားတွေကို ပစ်မှတ်ထားခဲ့တာလဲ ဆိုတာကိုတော့ အာဏာပိုင်တွေက အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

တရားလိုရှေ့နေက အဲဒီအမျိုးသားကို လူမျိုးတုံးသတ်ဖြတ်မှုဖြစ်အောင် အခြေအနေဖန်တီးဖို့ ကြိုးပမ်းမှု၊ ငြိမ်းချမ်းရေး၊ လူသားမျိုးနွယ်နဲ့ စစ်ပွဲဆိုင်ရာ ပြစ်မှုတွေ ကျူးလွန်ဖို့ ပြင်ဆင်မှု၊ အများပြည်သူရှေ့မှာ ပြစ်မှုကျူးလွန်ဖို့ လူသိရှင်ကြား လှုံ့ဆော်မှုတို့နဲ့ တရားစွဲဆိုထားပါတယ်။

ပိုလန်အရှေ့ပိုင်း လုဘ်လင်းဒေသမှာ နေထိုင်တဲ့ အဲဒီသံသယရှိသူကို တရားရုံးက ရက် ၃၀ ချုပ်မိန့်ပေးထားပြီး အပြစ်ရှိကြောင်း ထင်ရှားရင် ထောင်ဒဏ် အနှစ် ၂၀ အထိ ကျခံရနိုင်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013