DVB Logo
Home
မြန်မာသတင်း
လက်ဖက်ရည်နှင့်အရက်ဘီယာဆိုင်များ၌ လူစုလူဝေးဖြင့် ဘောလုံးပွဲကြည့်လျှင် အရေးယူမည်
DVB
·
October 1, 2020
လက်ဖက်ရည်နှင့်အရက်ဘီယာဆိုင်များ၌ လူစုလူဝေးဖြင့် ဘောလုံးပွဲကြည့်လျှင် အရေးယူမည်
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှာ ပါဆယ်စနစ် ရောင်းချခိုင်းထားတဲ့ လက်ဖက်ရည်ဆိုင်နဲ့ အရက်ဘီယာဆိုင်တွေမှာ လူစုလူဝေးနဲ့ ဘောလုံးပွဲ ကြည့်ရင်အရေးသွားမယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

မော်လမြိုင်မြို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်နေ့မှာ နေအိမ်အတွင်း နေထိုင်ကြဖို့ Stay at Home သတ်မှတ် ထုတ်ပြန်ထားပြီး နေအိမ်အပြင်ထွက်ပါက တစ်အိမ် တစ်ယောက်နှုန်းပဲ အပြင်ထွက်ဖို့ ညွှန်ကြားထားတာပါ။

လက်ရှိမှာတော့ ပါဆယ်စနစ်နဲ့ ရောင်းချခိုင်းထားတဲ့ လက်ဖက်ရည်ဆိုင်နဲ့ အရက်ဘီယာဆိုင်တွေမှာ လူစုလူဝေးနဲ့ ဘောလုံးပွဲ ကြည့်တာတွေ ရှိနေတယ်လို့ ဦးဝေလင်းထွန်းက ပြောပါတယ်။

ဒါကြောင့် လက်ဖက်ရည်ဆိုင်နဲ့ အရက်ဘီယာဆိုင်တွေကို လူစုလူဝေးနဲ့ ဘောလုံးပွဲကြည့်ပါက ပြစ်မှုအပေါ်မူတည်ပြီး အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို အောက်တိုဘာ ၃၁ ရက်နေ့အထိ သက်တမ်းထပ်တိုးလိုက်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီကြေညာချက်မှာတော့ လူစုလူဝေးနဲ့ ကျင်းပမယ့် ပွဲလမ်းသဘင်၊ အခမ်းအနားတွေကို ရပ်ဆိုင်ထားဖို့အပါအဝင် ပြည်သူတွေအတွက် ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် ၇ ချက်ကို သက်တမ်းထပ်တိုးထားတယ်လို့ ဆိုထားပါတယ်။

ဒါအပြင် ပြည်နယ်အတွင်းရှိ ရေတံခွန်၊ အပန်းဖြေစခန်းတွေ၊ ကမ်းခြေ၊ ပန်းခြံ၊ ရုပ်ရှင်ရုံနဲ့ KTV ဆိုင် အားလုံးကို အရင်တိုင်း ဆက်လက်ပိတ်ထားရဦးမှာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်အရ ပြည်နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နဲ့ အရက်ဘီယာဆိုင်တွေဟာ ပါဆယ်စနစ်နဲ့ ရောင်းသာရာမှာ ဖြစ်ပြီး စျေးတွေမှာလည်း အခြေခံ စားသောက်ကုန်နဲ့ ဆေးဝါးကသာ ရောင်းချခွင့်ပေးထားတာပါ။

အခုလို သက်တမ်း တိုးမြှင့်လိုက်တဲ့ ဒေသန္တရအမိန့်ကို လိုက်နာခြင်း မရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013