DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ်  ၇၉၅ ဦးနှင့် သေဆုံးသူ ၂၈ ဦးထပ်တိုးလာ
DVB
·
September 29, 2020
ကိုဗစ်-၁၉ လူနာသစ်  ၇၉၅ ဦးနှင့် သေဆုံးသူ ၂၈ ဦးထပ်တိုးလာ
1 / 2
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်  ၇၉၅ ယောက်နဲ့ သေဆုံးသူ ၂၈ ယောက်ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၈ ရက် ည ၈ နာရီမှ ဒီနေ့ စက်တင်ဘာ ၂၉ ရက် ည ၈ နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၅,၉၆၂ ခုကို စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၇၉၅ ယောက်  တွေ့ရှိရတာဖြစ်။ 

လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ဒီကနေ့ည အထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၂,၄၂၅ ယောက်၊ သေဆုံးသူ ၂၈၄ ယောက်နဲ့ ဆေးရုံကဆင်းခွင့်ပြုခဲ့သူပေါင်း ၃,၃၉၁ ယောက် ရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013