DVB Logo
Home
မြန်မာသတင်း
နေပြည်တော်၌ ဆေးဆိုင်၊ဆေးခန်းမှအပ အခြားဆိုင်များ ညနေ ၆ နာရီပိတ်ရမည်
DVB
·
September 29, 2020
နေပြည်တော်၌ ဆေးဆိုင်၊ဆေးခန်းမှအပ အခြားဆိုင်များ ညနေ ၆ နာရီပိတ်ရမည်
Donate to DVB

နေပြည်တော်မှာရှိတဲ့ ဈေးတွေ၊ ကုန်စိမ်းသားငါးရုံတွေ၊ ပွဲရုံဆိုင်ခန်းတွေနဲ့ ယာဉ် အလုပ်ရုံတွေအနေနဲ့ စက်တင်ဘာ ၃၀ ရက်က စတင်ပြီး ညနေ ၆ နာရီနောက်ပိုင်းပိတ်သိမ်းဖို့ နေပြည်တော်စည်ပင်က စက်တင်ဘာ ၂၉ ရက်မှာအမိန့်ထုတ်ပြန်လိုက်ပါတယ်။

အမိန့်စာမှာ ဆေးဆိုင်တွေ၊ ဆေးခန်းတွေကလွဲပြီး ကျန်ဆိုင်တွေအားလုံးပိတ်သိမ်းဖို့ ဖြစ်ပြီး နေပြည်တော်က ညဈေးတွေလည်းအကျုံးဝင်တယ်လို့ ဆိုပါတယ်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူက “နေပြည်တော် ညဈေးရှိတဲ့ဟာတွေပေါ့၊ ဈေးတွေမပိတ်ဘူး။ ဈေးတွေကို လာတဲ့သူတွေရော၊ ရောင်းတဲ့သူတွေရော mask အကုန်တပ်ရမယ်။ ဈေးတင်မကဘူး နေပြည်တော်တစ်ခုလုံးမှာ အများပြည်သူသွားနေတဲ့ နေရာမှာ mask တပ်ခိုင်းတာပေါ့။ mask မတပ်ရင် ဒဏ်ကြေး ကျပ် ၅၀၀ လား မသိဘူး ရိုက်မှာပေါ့ ” လို့ပြောပါတယ်။

ညဈေးတွေကို ပိတ်လိုက်ပြီး နေ့ဈေးတွေကို ပုံမှန်အတိုင်းဖွင့်ထားတယ်ဆိုပေမယ့် နေ့လည် ၁၂ နာရီအထိသာ ဖွင့်ခွင့်ပေးထားတာပါ။ ဒါ့အပြင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း လှုပ်ရှားသွားလာသူအားလုံးမဖြစ် မနေ mask တပ်ဖို့အတွက်ကိုလည်း စစ်ဆေးရေးအဖွဲ့တွေ ဖွဲ့စည်းပြီးလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဦးမင်းသူက“အဓိကကတော့ လူစုလူဝေးမဖြစ်ဖို့နဲ့ လူစည်ကားတဲ့နေရာတွေမှာ ဈေးလိုမျိုးမပိတ်ဘူး အများသူငှာသွားနိုင်အောင် နောက်ပြီး mask မဖြစ်မနေ တပ်ရမယ်။ လမ်းတွေမှာ အလုပ်လုပ်နေတဲ့ လူတွေကအစပေါ့လေ အကုန်လုံးအကျုံးဝင်တာပေါ့။ အဲ့ဒါကို စစ်ဆေးရေးအဖွဲ့တွေ တွေ့ရှိတဲ့အခါကျရင် ဒဏ်ရိုက်မှာပေါ့ ၊အထူးသဖြင့် ဈေးလိုမျိုးမှာ စောင့်ကြည့် ပြီးမှ ကိုဗစ်ကာကွယ်ရေးအတွက် စည်းကမ်းသတ်မှတ်ချက်ကို လိုက်နာနိုင်အောင် လုပ်တာပါ ” လို့ ပြောပါတယ်။

နေပြည်တော်နယ်မြေမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိရမှုဟာ စက်တင်ဘာ ၂၈ ရက်အထိ  ၁၂၈ ဦးရှိပြီး အစိုးရဝန်ထမ်းအများစုနေထိုင်ရာ ဇမ္ဗူသီရိမြို့နယ်က ၆၈ ဦးနဲ့အများဆုံးဖြစ်ပါတယ်။

သတင်း-ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013