DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ်  ၈၉၇  ဦး၊ သေဆုံးသူ အယောက် ၃၀ ထပ်တိုးလာ
DVB
·
September 28, 2020
ကိုဗစ်-၁၉ လူနာသစ်  ၈၉၇  ဦး၊ သေဆုံးသူ အယောက် ၃၀ ထပ်တိုးလာ
Donate to DVB

ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်  ၈၉၇  ယောက်၊ သေဆုံးသူ အယောက် ၃၀ ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသူ အယောက် ၃၀ ထဲမှာ ဆေးရုံကို သေဆုံးရောက်ရှိသူ  ၁၅ ယောက်ရှိတယ်လို့ လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် ၈ နာရီကနေ  ဒီကနေ့ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာ စုစုပေါင်း ၅,၅၉၇ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ဓာတ်ခွဲအတည်ပြု လူနာသစ်  ၈၉၇ ယောက်  တွေ့ရှိရတာပါ။

စက်တင်ဘာ ၂၈ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉   ရောဂါအတည်ပြုလူနာပေါင်း  ၁၁,၆၃၁ ယောက်၊ သေဆုံးသူ ၂၅၆ ယောက်နဲ့ ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့သူ ၃,၀၇၃ ယောက် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013