DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ကိုဗစ်-၁၉ လူနာ ၂၀၀၀ ခန့်ထားရှိရန် နေရာ ၄ ခု စီစဉ်နေ
DVB
·
September 28, 2020
ရန်ကုန်တွင် ကိုဗစ်-၁၉ လူနာ ၂၀၀၀ ခန့်ထားရှိရန်  နေရာ ၄ ခု စီစဉ်နေ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေထားဖို့အတွက် ကုသရေးစင်တာဖွင့်လှစ်ဖို့ နေရာ ၄ နေရာ စီစဉ်နေတယ်လို့  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဒီဗွီဘီကို ပြောပါတယ်။

“ လေးနေရာတော့ ထပ်ရှာထားတယ်။ နေရာတော့ အတိအကျကျ ကျနော်တို့ မပြောနိုင်သေးဘူး။ ကွန်ဖန်းမဖြစ်သေးလို့။ ကိုဗစ်-၁၉ လူနာ ၂၀၀၀ ပတ်ဝန်းကျင်လောက်တော့ ကုလို့ရနိုင်တယ်။”လို့ ဦးနိုင်ငံလင်းက ပြောပါတယ်

သြဂုတ်လ ၁၆ ရက်နေ့က စလို့ မြန်မာပြည်မှာ ကိုဗစ်-၁၉ ရောဂါ တကျော့ပြန်လာပြီးနောက် ကူးစက်မှုနှုန်းလည်း မြင့်လာရာ စက်တင်ဘာလအတွင်း ကူးစက်မှုနှုန်းတွေ စံချိန်တင်လာခဲ့ပါတယ်။

စက်တင်ဘာ လဆန်းအတွင်း ကူးစက်ခံလူနာအရေအတွက်ဟာ နေ့စဉ် ဆယ်နဲ့ချီရှိလာရာကနေ ၁၀၀ လောက်အထိ နေ့စဉ်ကူးစက်မှုနှုန်းဆက်မြင့်လာရာ စက်တင်ဘာ ဒုတိယပတ်မှာတော့ နေ့စဉ်ကူးစက်ခံလူနာ အယောက် ၁၀၀ကျော်လာပါတယ်။

လက်ရှိမှာတော့ နေ့စဉ်ပိုးတွေ့လူနာအရေအတွက်ဟာ ၇၀၀ ကျော်ကနေ ၈၀၀ ကျော်အထိရှိတယ်လို့  ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီစာရင်းတွေအရပဲ ကူးစက်ခံလူနာတွေ နေ့စဉ်တိုးလာသလို လူနာတွေ သေဆုံးမှုနှုန်းလည်း မြင့်တက်လာတာကို မြင်တွေ့ရတယ်။

ကူးစက်ခံလူနာအရေအတွက်ထဲမှာတော့ ရန်ကုန်တိုင်းက ၇၈၇၃နဲ့ အများဆုံးဖြစ်နေပြီး၊ သေဆုံးလူနာတွေလည်း ၂၁၆ ယောက်ရှိနေပါတယ်။

“ကုသရေးစင်တာတွေ ထပ်ဖွင့်ဖို့ ကျနော်တို့ အများကြီးပြင်နေပါတယ်။”လို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

ကူးစက်ခံလူနာအရေအတွက်အများဆုံးဖြစ်တဲ့ ရန်ကုန်မှာတော့ စက်တင်ဘာ ၂၈ ရက်ညနေ ၃ နာရီအထိ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ ၉၂ ယောက်၊ တောင်ဥက္ကလာပဆေးရုံမှာ ၇၁ ယောက်၊ ဖောင်ကြီးကုသရေးစင်တာမှာ ၉၆၀ ယောက်၊ ရန်ကုန်ကလေးဆေးရုံကြီးမှာ ၁ ယောက်၊ တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးမှာ ၁၄ ယောက်၊ ရိုးရိပ်သာကုသရေးဌာနမှာ ၉၇၆ ယောက်၊ လှိုင်ကုသရေးစင်တာမှာ ၅၀၈ ယောက်၊ မြတ်လေးကုသရေးစင်တာမှာ ၂၃၂ ယောက်၊ သုဝဏကုသရေးစင်တာမှာ အယောက် ၃၉၀၊ ရဲမွန်ကုသရေးစင်တာမှာ ၂၉၃ ယောက်၊ အောင်မြင့်မိုရ်ကုသရေးစင်တာမှာ ၅၄၅ ယောက်၊ တပ်မတော်ဆရာအတတ်သင်ကျောင်းမှာ အယောက် ၃၁၀ ဆေးကုသမှုခံယူနေပါတယ်။

စက်တင်ဘာ ၂၈ ရက်ညနေအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၁၀၇၃၄ ယောက်ရှိနေပြီး သေဆုံးလူနာ ၂၂၆ ယောက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အတည်ပြုလူနာအရေအတွက်ဟာ အာဆီယံနိုင်ငံတွေမှာတော့ နံပတ် ၅ နေရာမှာရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013