DVB Logo
Home
မြန်မာသတင်း
၁၀ နှစ်ကလေး  ၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာ ၂၈ ဦး ထပ်မံသေဆုံး၊ လူနာသစ် ၇၄၃ ဦး တွေ့ရှိ
DVB
·
September 27, 2020
၁၀ နှစ်ကလေး  ၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာ ၂၈ ဦး ထပ်မံသေဆုံး၊ လူနာသစ် ၇၄၃ ဦး တွေ့ရှိ
Donate to DVB

အသက် ၁၀ နှစ်ရွယ်ကလေးငယ် ၁ ဦးအပါအဝင် လူနာ ၂၈ ဦး ထပ်မံသေဆုံးခဲ့ပြီး လူနာသစ် ၇၄၃ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့ ည ၈ နာရီကနေ ၂၇ ရက်နေ့ ည  ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း  ၅,၂၇၂ ခုအား စစ်ဆေးပြီးစီးခဲ့တာပါ။

သေဆုံးသွားတဲ့ ၂၈ ဦးထဲမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ ၁၀ နှစ်အရွယ်ကလေး ယောကျ်ာလေး လူနာအမှတ် ၉၇၂၃ ဟာ စက်တင်ဘာ ၂၄ ရက် ညနေ ၅ နာရီ ၁၅ မိနစ်က သေဆုံးသွားတယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူတွေကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသနေတဲ့ လူနာ အမှတ် ၈၆၈၄၊  ၈၀၃၅၊ ၈၆၈၃၊ ၉၆၉၉၊ ၉၆၉၂၊ ၉၇၀၁၊ ၉၇၀၂၊ ၉၇၀၅၊ ၉၆၉၄၊ ၉၇၂၇၊ ၉၇၃၀၊ ၉၇၃၁၊ ၉၇၂၆၊ ၉၇၂၉၊ ၉၇၂၈၊ ၉၇၂၅၊ လူနာအမှတ် ၉၇၃၃ စတဲ့ လူနာတွေဖြစ်ပါတယ်။

မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးက လူနာအမှတ် ၂၄၇၄၊ ဝေဘာဂီအထူးကုဆေးရုံကြီးက လူနာအမှတ် ၅၄၀၁ နဲ့ ၄၄၀၀၊ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) က လူနာမှတ် ၅၁၂၀ နဲ့ ၁၆၆၆၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးက လူနာအမှတ် ၉၇၆၈ နဲ့ ၉၇၈၃၊ ကုတင် (၅၀၀) အထူးကုဆေးရုံကြီး (ရန်ကုန်) က လူနာအမှတ် ၈၄၉၄ နဲ့ ၈၄၈၇၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးက လူနာအမှတ် ၉၃၂၈ တို့ သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့လူနာတွေဟာ အသက် ၃၁ နှစ်အရွယ်ကနေ အသက် ၈၉ နှစ်အထိ အရွယ်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၁၀,၇၃၄ ဦး၊ သေဆုံးသူ ၂၂၆ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၂,၈၆၂ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၃ သန်းကျော်၊ သေဆုံးသူ ၉၉၉၅၇၂ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၄ ဒသမ ၄ သန်းကျော်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013