
ရန်ကုန်တိုင်းထဲမှာ Stay at Home သတ်မှတ်ထားတဲ့ ကာလအတွင်း ခွင့်ပြုထားတဲ့လုပ်ငန်းတွေ လည်ပတ်မယ်ဆိုရင် အွန်လိုင်းကတဆင့် မှတ်ပုံတင်ကြဖို့ ကုန်သည် စက်မှုအသင်းချုပ်က နှိုးဆော်ပါတယ်။
Stay at Home သတ်မှတ်ထားတဲ့ကာလ ၂ ပတ်အတွင်းမှာ မဖြစ်မနေဖွင့်လှစ် လုပ်ကိုင်ဖို့ လိုတဲ့ လုပ်ငန်းတွေကိုပဲ ခွင့်ပြုထားတာဖြစ်ပြီး အဲဒီ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေ၊ ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်းတွေက ဝန်ထမ်းတွေဟာ သက်ဆိုင်ရာ လုပ်ငန်းခွင်ကို သွားရောက်ဖို့၊ လိုအပ်ချက်အရ တခြားမြို့နယ်တွေကို ဖြတ်ကျော်ရာမှာ QR Pass ရရှိကိုင်ဆောင်ထားဖို့ လိုအပ်ပါတယ်။
QR Pass မရှိဘဲ မြို့နယ်တခုကနေ တခုကို ဖြတ်ကျော်ခွင့်မရှိသလို ခွင့်မပြုထားတဲ့ လုပ်ငန်းတွေလည်း မလည်ပတ်ရဘူးလို့ ဆိုပါတယ်။
ခွင့်ပြုထားတဲ့ လုပ်ငန်းတွေအနေနဲ့ QR Pass ရယူနိုင်ဖို့အတွက် https://QRpass.SawSawShar.gov.mm ကို ဝင်ရောက်ပြီး မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။
ဒါဟာ ပြည်သူတွေအနေနဲ့ မဖြစ်မနေဈေး ဝယ်ယူတာ၊ ဆေးရုံဆေးခန်းတွေကို သွားတာနဲ့တော့ မဆိုင်ပါဘူး။










