ဖလားလွဲချော်ခဲ့ပြီးနောက် ဒုတိယဆုဆွဲပြား လက်ခံရန် ရော်နယ်ဒို ငြင်းဆန်
DVB
·
May 18, 2026
အယ်လ်နာဆာအသင်းဟာ AFC ချန်ပီယံလိဂ် ၂ ဗိုလ်လုပွဲမှာ ဂမ်ဘာအိုဆာကာကို (၁-၀) ဂိုးနဲ့ ရှုံးနိမ့်ပြီး ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပါတယ်။
စိတ်ပျက်အားလျော့သွားတဲ့ အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုဟာ ပွဲအပြီးမှာ ဒုတိယဆုရ ဆွဲပြားကို တက်ရောက်ယူဆောင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဆော်ဒီမြေမှာ အဓိကဆုဖလားကြီးတွေနဲ့ ဝေးကွာနေဆဲဖြစ်ပြီး အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ချန်ပီယံဆုအတွက်လည်း လာမဲ့ မေ ၂၁ ရက် နောက်ဆုံးပွဲအထိ ဆက်လက်ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။











