DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၈၈၀ တွေ့ရှိ၊ လူနာ ၂၄ ဦး ထပ်မံသေဆုံး
DVB
·
September 26, 2020
ကိုဗစ်-၁၉ လူနာသစ် ၈၈၀ တွေ့ရှိ၊ လူနာ ၂၄ ဦး ထပ်မံသေဆုံး
1 / 3
Donate to DVB

ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၈၈၀ တွေ့ရှိခဲ့ပြီး အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ် ယောကျ်ားလေး ၂ ဦး အပါအဝင် လူနာ ၂၄ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၅ ရက်ညကနေ ၂၆ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ ၅,၈၁၆ အား စစ်ဆေးခဲ့တာပါ။

သေဆုံးသွားတဲ့ လူနာတွေကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ လူနာ ၁၂ ဦး၊ ကိုဗစ်-၁၉ ကုသရေးဌာနက (ဖောင်ကြီး) က ၃ ဦး၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးက ၂ ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးက ၁ ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးက ၁ ဦး၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးက ၁ ဦး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးက ၁ ဦး၊ တောင်ဥက္ကလာပပြည်သူ့ဆေးရုံကြီးက ၁ ဦးနဲ့ အင်းစိန်ပြည်သူ့ဆေးရုံကြီးက ၂ ဦး စုစုပေါင်း ကိုဗစ်-၁၉ လူနာ ၂၄ ဦး သေဆုံးခဲ့တာပါ။

သေဆုံးလူနာ ၂၄ ဦးမှာ အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ် ယောကျ်ားလေး ၂ ဦးအပါအဝင် အသက် ၃၈ နှစ်ကနေ ၈၇ နှစ်အထိ အရွယ်တွေ ဖြစ်ကြပြီး  ၂၂၊ ၂၃၊ ၂၄၊ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေအတွင်း သေဆုံးခဲ့ကြတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၉၉၁ ဦး၊ သေဆုံးသူ ၁၉၈ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၂,၆၈၁ ဦးရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013