DVB Logo
Home
အားကစား
ဘရိုက်တန်နည်းပြ ဟာဇလာ ပွဲ ၁၀၀ ပြည့်၌ နိုင်ပွဲမရဘဲ ချက်ကလပ်နှင့် သရေကျ
DVB
·
October 23, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဥရောပ ကွန်းဖရန့်လိဂ်ပွဲစဉ်မှာ အင်္ဂလန်ကလပ် ဘရိုက်တန်အသင်းက ချက်ကလပ် ယာဘလိုးနစ် အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာကြောင့် နည်းပြ ဖေဘီယန် ဟာဇလာအတွက် နည်းပြသက်တမ်း ပွဲ ၁၀၀ ပြည့်မှာ အနိုင်မရရှိခဲ့ကြောင်း BBC အားကစားသတင်းက ဖော်ပြပါတယ်။

ဘရိုက်တန်အသင်းဟာ ပြီးခဲ့တဲ့ ပရိးမီးယားလိဂ်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို ၅ ဂိုး - ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့တဲ့ လူစာရင်းက ကစားသမား ၈ ယောက်အထိ ပြောင်းလဲကစားခဲ့ရာ ပွဲကို စိုးမိုးထား နိုင်ခဲ့ပေမဲ့ ဂိုးရဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

အိမ်ရှင် ယာဘလိုးနစ်အသင်းရဲ့ တိုက်စစ်ကို ဘရိုက်တန်ဂိုးသမား ဗာဘရူဂန်က ထိထိရောက်ရောက် ကာကွယ်နိုင်ခဲ့လို့ အသင်းအတွက် ၅ ပွဲဆက်တိုက် ပေးဂိုးမရှိဘဲ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။

Photo:Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013