DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်း မြို့နယ် ၃ မြို့နယ်က စက်ရုံများကို ယာယီပိတ်သိမ်း
DVB
·
September 26, 2020
ပဲခူးတိုင်း မြို့နယ် ၃ မြို့နယ်က စက်ရုံများကို ယာယီပိတ်သိမ်း
Donate to DVB

Stay at Home သတ်မှတ်လိုက်တဲ့ ပဲခူးတိုင်း မြို့နယ် ၃ မြို့နယ်က စက်ရုံတွေကို ယာယီပိတ်သိမ်းထားမယ်လို့ ပဲခူးတိုင်းလူ့စွမ်းအားအရင်းမြစ်ဝန်ကြီးက ပြောပါတယ်။

ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်တို့အတွင်းက ခရီးသွားရာဇဝင်မရှိသလို အတည်ပြုလူနာတွေနဲ့လည်းထိတွေ့မှုမရှိဘဲ ရောဂါပိုးတွေ့ရှိသူတွေ အချိန်တိုအတွင်း များပြားလာတဲ့ မြို့နယ်တချို့ကို ကျန်းမာရေးဝန်ကြီးဌာနကနေ စက်တင်ဘာ၂၅ ရက်နေ့ညက Stay at Home ကြေညာလိုက်ပါတယ်။

ပဲခူးတိုင်းအတွင်း Stay at Home ကြေညာထားတဲ့ ပဲခူးမြို့နယ်၊ ကဝမြို့နယ်နဲ့ သနပ်ပင်မြို့နယ်တို့မှာရှိတဲ့ အထည်ချုပ်စက်ရုံတွေကို ယာယီပိတ်ထားမယ်လို့ ပဲခူးတိုင်းလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောပါတယ်။

အပိတ်ခံရတဲ့ စက်ရုံဝန်ထမ်းတွေအနေနဲ့ လူမှုဖူလုံရေးကြေးရမှာဖြစ်တယ်လို့ Stay at Home မှာ ပါတဲ့ ပဲခူးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်နေ့ည ထုတ်ပြန်ချက်အရ ပဲခူးတိုင်းက အတည်ပြုလူနာအသစ် ၁၁ ဦး ပါဝင်တယ်လို့ သိရပါတယ်။

အခုလို ထုတ်ပြန်ထားတဲ့ Stay at Home ကာလမှာ ၂ ပတ်လောက် အားလုံးလိုက်နာလိုက်မယ်ဆိုရင်  ကုးစပ်မှုတွေ ကျသွားမယ်လို့ ပဲခူးမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရန်နိုင်ရှိန်းက ပြောပါတယ်၊၊

ပဲခူးတိုင်းမှာ အတည်ပြုလူနာ ၁၇၀ ကျော်ရှိပြီး အဲဒီထဲမှာမှ ပဲခူးခရိုင်က လူနာ ၁၂၀ ဝန်းကျင်နဲ့ အများဆုံးဖြစ်ပါတယ်။ အခု Stay at Home လုပ်ထားတဲ့ က၀၊ သနပ်ပင်နဲ့ ပဲခူးမြို့နယ်တွေက ပိုးတွေ့ရှိသူ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

သတင်း - အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013