DVB Logo
Home
မြန်မာသတင်း
Channel Mandalay TV သတင်းထောက် ပြန်လည်လွတ်မြောက်
DVB
·
September 25, 2020
Channel Mandalay TV သတင်းထောက် ပြန်လည်လွတ်မြောက်
Donate to DVB




မန္တလေးတိုင်း၊ အောင်သပြေရွာမှာ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ ဖျက်သိမ်းပေးရေး ဆန္ဒပြမှုဖြစ်စဉ်ကို တိုက်ရိုက်သတင်းတင်ဆက်ခဲ့တဲ့ Channel Mandalay ရုပ်သံသတင်းထောက် ကိုအောင်ကြည်မြင့်ဟာ ထောင်ဒဏ် ၂ နှစ်ကျခံရပြီးနောက် စက်တင်ဘာ ၂၅ ရက် မနက်က မန္တလေးဗဟိုအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။


၂၀၁၉ ခုနှစ် မေလ ၁၅ ရက် နေ့က ဖြစ်ပွားခဲ့တဲ့ ဒဟတ်တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာဆန္ဒပြမှုဖြစ်စဉ်မှာ ဒေသခံတွေနဲ့ရဲတပ်ဖွဲ့ ထိပ်တိုက်ရင်ဆိုင်ပဋိပက္ခ ဖြစ်စဉ်တွေကို Channel Mandalay ကနေ တိုက်ရိုက်သတင်းလွှင့်ခဲ့တယ်လို့ဆိုပြီး သတင်းထောက် ကို‌‌အောင်ကြည်မြင့်ကို ဆန္ဒပြသူတွေနဲ့အတူဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ပုဒ်မ ၅ ခုနဲ့စွဲချက်တင်ခံခဲ့ရပြီး ၂၀၂၀ ဧပြီလထဲမှာတော့ ပုသိမ်ကြီးတရားရုံးကနေ သတင်းထောက် ကို‌‌အောင်ကြည်မြင့်ကို ပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာဖြစ်တယ်။
သတင်း - ရဲနိုင်ဆွေ










Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013