DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာ ၁၇ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၇၂ ဦးရှိလာ
DVB
·
September 25, 2020
ကိုဗစ်-၁၉ လူနာ ၁၇ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၇၂ ဦးရှိလာ
Donate to DVB

ကိုဗစ်-၁၉ လူနာ ၁၇ ဦး ထပ်မံသေဆုံးခဲ့ပြီး ဒီနေ့ည ၅ နာရီအထိ သေဆုံးသူ စုစုပေါင်း ၁၇၂ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သေဆုံးသွားသူတွေကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ၁၃ ဦးနဲ့ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) က ၂ ဦးနဲ့ တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးက ၂ ဦး စုစုပေါင်း ၁၇ ဦး ဖြစ်ပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးက သေဆုံးလူနာတွေကတော့ အသက် ၆၄၊ ၇၃ နဲ့ ၆၁ နှစ်အရွယ် အမျိုးသမီးတွေဖြစ်တဲ့ လူနာအမှတ် ၇၁၉၈၊ ၈၀၁၀ နဲ့ ၈၀၇၃။ အသက် ၆၅ နှစ်၊ ၇၃၊ ၆၈၊ ၈၉၊ ၇၃၊ ၆၂၊ ၄၆၊ ၅၉၊ ၈၅ နှစ်နဲ့ ၇၀ အရွယ် အမျိုးသားတွေဖြစ်တဲ့ လူနာအမှတ် ၅၉၉၁၊ ၈၀၀၈၊ ၈၀၁၆၊ ၈၀၀၇၊ ၈၀၁၂၊ ၈၀၇၇၊ ၈၀၅၀၊ ၈၀၁၇၊ ၈၀၁၈ နဲ့ ၈၀၁၉ တို့ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) မှာ ကုသနေတဲ့ အသက် ၆၂ နှစ်နဲ့ ၇၈ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် ၃၇၄၄ နဲ့ ၅၃၃၁၊ တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးက အသက် ၅၈ နှစ်နဲ့ ၆၄ နှစ်အရွယ်အမျိုးသား လူနာအမှတ် ၂၅၃၄ နဲ့ ၄၄၀၅ တို့ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့အတွက် လူနာသစ် ၆၈၇ ဦးစာရင်းမှာလည်း ရန်ကုန်တိုင်းက ၅၇၂ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။  ရခိုင်ပြည်နယ်က ၃၂ ဦး၊ ဧရာဝတီတိုင်းက ၃၀၊ မန္တလေးတိုင်းက ၁၈ ဦး၊ ပဲခူးတိုင်းက ၁၀ ဦး၊ စစ်ကိုင်းတိုင်းက ၈ ဦး၊ မွန်ပြည်နယ်က ၁၀ ဦးနဲ့ နေပြည်တော်က ၂ ဦးတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၅၁၄ ဦးနဲ့ သေဆုံးသူ ၁၇၂ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ညနေ ၅ နာရီ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013